Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 11, 2015

ဂျပန်နိုင်ငံရှိ ကမ်းခြေတစ်ခုတွင် လင်းပိုင် ၁၅၀ ကျော် သောင်တင်



Japanese rescuers abandon efforts to save 150 melon-headed whales stranded on Hokota beach


သမုဒ္ဒရာကြီး များတွင်သာ တွေ့ရလေ့ ရှိသည့် လင်းပိုင် မျိုးနွယ်ဝင် ၁၅၀ ကျော်သည် ဧပြီ ၁ဝ ရက်က ဂျပန်နိုင်ငံရှိ ကမ်းခြေ တစ်ခုတွင် သောင်တင် နေခဲ့ရာ ၄င်းတို့ကို ကယ်ဆယ်ရန် ဒေသတွင်း တာဝန်ရှိသူများ နှင့် ကမ်းခြေစောင့် တပ်ဖွဲ့များက ကယ်ဆယ်ရေး လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက် ခဲ့ရကြောင်း သိရသည်။

Melon-headed မျိုးနွယ်ဝင် အဆိုပါ လင်းပိုင်များသည် တိုကျိုမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁ဝဝ အကွာခန့်ရှိ ဟိုကိုတာမြို့ ကမ်းခြေ၌ အချိန် ကြာမြင့်စွာ သောင်တင် နေကြရာ အချို့ကို သမုဒ္ဒရာသို့ ပြန်လည် လွှတ်ပေးပြီး ကျန်အချို့ကို ၄င်းတို့၏ အရေပြားများ ခြောက်သွေ့မှု မရှိအောင် ကယ်ဆယ်ရေး သမားများက ကြိုးပမ်းခဲ့ ရကြောင်း သိရသည်။

အဆိုပါ လင်းပိုင်များကို ကယ်ဆယ်ရေး အဖွဲ့က ပင်လယ် အတွင်းသို့ ပြန်လွှတ်ပေး ခဲ့သော်လည်း ရေလှိုင်းနှင့် အတူ ကမ်းခြေသို့ ပြန်လည် ရောက်ရှိ ခဲ့သောကြောင့် လင်းပိုင် အများအပြားမှာ သေဆုံး ခဲ့ကြောင်း သိရသည်။

လင်းပိုင်များသည် တစ်နှစ်လျှင် တစ်ကောင် သို့မဟုတ် နှစ်ကောင် သောင်တင်လေ့ ရှိသော်လည်း ယခုကဲ့သို့ အကောင် ရာကျော် သောင်တင်ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း၊ ၂ဝ၁၁ ခုနှစ် ကလည်း ယခုနေရာ မှာပင် လင်းပိုင် အကောင် ၅ဝ ခန့် သောင်တင် ခဲ့ကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြားသည်။

#PyiChitThar

No comments:

Post a Comment