Thursday, April 2, 2015
စပိန်ဘောလုံး အသင်းတစ်သင်း မှာထောင့်ကန်ဘော ကာကွယ်ပုံ ထူးခြားတဲ့ ခံစစ်ကစား သမားတစ်ဦး ထွက်ပေါ် လာခဲ့ပါတယ်။
သူ့ရဲ့နာမည် ကတော့ ဒန်နီရယ်နာ ဒါလက်စ်ဖြစ် ပါတယ်။ စပိန် စတုတ္ထ တန်းကလပ် CD Cuartes အသင်းရဲ့ အသင်းခေါင်းဆောင်ပါ။
နာဒါလက်စ်ဟာ Teruel အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဂိုးတိုင်ကို ဖက်တက် ပြီးထောင့်ကန်ဘော ကာကွယ်ဖို့ ကြိုးစားခဲ့ တာဖြစ် ပါတယ်။ သူ့ရဲ့ လုပ်ရပ်က တကယ်ကို ရယ်ချင် စရာကောင်း ခဲ့ပါတယ်။ ၃-၁ ဂိုးနဲ့ ရှုံးနေတဲ့ ဒီပွဲစဉ်မှာ ပြိုင်ဘက် တိုက်စစ်မှူးတွေ ရဲ့မြင့်မားတဲ့ အရပ်အမောင်းကြောင့် ကြံရာမရတဲ့ နာဒါ လက်စ်ဟာ အခုလို ကာကွယ်ဖို့ ကြိုးစားခဲ့တာပါ။
ဒါကဘောလုံး ဥပဒေအရ အရေးယူနိုင်ပေမယ့် ဒိုင်လူကြီးက ဘာမှ အပြစ်မယူခဲ့လို့ နာဒါလက်စ် ကံကောင်း ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ နာဒါလက်စ်က 'ဒါကထောင့် ကန်ဘောပါ။ခေါင်း တိုက်မယ့် ပြိုင်ဖက် အသင်းရဲ့ ကစားသမားတွေက အလွန်အရပ် ရှည်ကြတာကြောင့် သူတို့ ထက်ပိုမြင့်အောင် ဂိုးတိုင်ပေါ် တက်ပြီး ကာကွယ်နိုင် တယ်လို့ တစ်ခုပဲတွေး ခဲ့ပါတယ်။ ဒါက အလို အလျောက် လုပ်မိသွား တာပါ။ ပွဲအပြီးမှ သိရတာက စည်း မျဉ်းတွေအရ ဒီလိုလုပ် တာကို အရေးယူနိုင်တယ် ဆိုတာပါပဲ။ နောက်ကျွန်တော် ဒါမျိုးလုပ်တော့မှာ မဟုတ်ပါဘူး။ အသင်းဖော်တွေ ကတော့ ကျွန်တော် လုပ် တာကောင်းတယ် လို့ပြောပါတယ်။ ဒါပေမဲ့ အရူးလို့ လည်းပြောကြ ပါသေးတယ်' လို့ပြော ဆိုခဲ့ပါတယ်။
Ref: 101greatgoals
Mizzima

No comments:
Post a Comment