Michigan Woman, 115, Is Now World's Oldest Person |
အမေရိကန် ပြည်ထောင်စု မီချီဂန် ပြည်နယ် ဒက်ထရွိုက်မြို့မှ ဂျေရလီယန်တဲလီ အမည်ရှိ အသက် ၁၁၅ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးသည် ယခုအခါတွင် ကမ္ဘာ့အသက် အကြီးဆုံး အမျိုးသမီး အဖြစ် မှတ်တမ်းတင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အာကန်ဆက် ပြည်နယ်မှ ဂျာထရု ဝီဗာ အမည်ရှိ အသက် ၁၁၆ နှစ်အရွယ် အမျိုးသမီး သေဆုံး ခဲ့ပြီးနောက် ကမ္ဘာ့ အသက်အကြီးဆုံး လူပုဂ္ဂိုလ် များကို စာရင်းပြုစု နေသော လော့စ်အိန်ဂျလိစ်မြို့ အခြေစိုက် အိုမင်းမှု
လေ့လာရေး ဆိုင်ရာ သုတေသန အဖွဲ့က မီချီဂန် ပြည်နယ် မှ ဂျေရလီယန်တဲလီ ကို ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး အဖြစ် တရားဝင် အသိအမှတ်ပြု ခဲ့ခြင်း ဖြစ်သည်။
ဂျာထရု ဝီဗာ သည် လွန်ခဲ့သော ရက်ပေါင်း အနည်းငယ် အတွင်းက ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး အဖြစ် အသိအမှတ်ပြု ခံခဲ့ရပြီး ဧပြီ ၆ ရက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး အဖြစ် မှတ်တမ်းတင် နိုင်ခဲ့သော တဲလီ သည် ၁၈၉၉ ခုနှစ် မေလတွင် မွေးဖွားခဲ့ပြီး ယခုအခါ ၄င်းသည် နှစ်တိုင်း ငါးဖမ်းသည့် ခရီးစဉ်တွင် ပါဝင်လျက် ရှိကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment