Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 23, 2015

မဖြိုးဖြိုးအောင်နဲ့ ကျောင်း သားနှစ်ဦးကို အမှုတွေထပ်တိုးဖွင့်


သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရ တဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ၀င် မဖြိုးဖြိုးအောင်နဲ့ တခြားကျောင်းသားနှစ်ဦးကို ဗိုလ်တထောင်နဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့က တရား မ၀င်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ အမှုဖွင့်လိုက်ပါ တယ်။

မဖြိုးဖြိုးအောင်နဲ့အတူ နောက်ထပ် နှစ်ဦးလည်း ထပ်တိုး ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတယ်လို့ သာယာဝတီ အကျဉ်းထောင်မှာ ဒီနေ့ ထောင်ဝင်စာ သွားရောက်တွေ့ ဆုံခဲ့တဲ့ မဖြိုးဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာနေ၀င်း က ပြောပါတယ်။

"ပုဒ်မ ၁၈ နဲ့တရားစွဲလိုက်တဲ့အကြောင်း၊ သူတို့ စွဲချက်တင်ရင် ဗိုလ်တစ်ထောင်ကို လာရမယ်ဆိုတဲ့ အကြောင်းကို သမီးတို့ကိုလက်မှတ်ထိုးခိုင်းတယ်၊ သမီးက ရှေ့နေခေါ်ခိုင်းတယ်၊ ရှေ့နေကသူတို့ အတွက်အရမ်းအလုပ်ရှုပ်တာဖြစ်တဲ့အတွက် ရှေ့နေမခေါ်ဘာနဲ့ဆိုတော့ သမီးတို့ကလက်မှတ်ထိုးပေး လိုက်တယ်၊ ၂ လပိုင်း ၁ ရက်နေ့က ဆန္ဒပြတဲ့ကိစ္စ မနက်ပိုင်းမှာပြောတာက ဗိုလ်တစ်ထောင်ရဲစခန်းက နန္ဒာစစ်အောင်နဲ့ ဖြိုးဖြိုးအောင်ကို တရားစွဲတဲ့ အကြောင်းပြောတယ်၊ ညနေပိုင်းမှာက တရားစွဲတဲ့အကြောင်း ပန်းဘဲတန်းရဲစခန်းမှာပြောတယ် "

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က အမျိုးသားပညာရေးဥပဒေ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေကို လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ကျောင်းသား ကျောင်းသူတွေနဲ့ အားပေးကူညီသူတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူတွေကို မနက်ဖြန် လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး သာယာ ၀တီတရားရုံးထံ ပြောင်းရွှေ့စစ်ဆေးဖို့ အတွက် အမိန့်ချမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment