Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 28, 2015

အမာရီလိုမြို့တွင် မြန်မာအဖွားနှင့်မြေးကို လုယက်မှုဖြစ်ပွား


  
တက်ဆက်စ်ပြည်နယ်၊ အမာရီလိုမြို့နေ မြန်မာ အဖွားတစ်ဦး၏ နေအိမ်ကို ဧပြီ ၂၆ ရက်၊ 
တနင်္ဂနွေနေ့က ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ပါသည်။

အခင်းဖြစ်ပွားပုံမှာ ၎င်းတနင်္ဂနွေနေ့ည ၁၁ နာရီခန့်တွင် လုယက်မှု တိုင်ကြားချက်အရ အမာရီလိုမြို့ ရဲတပ်ဖွဲ့ဝင်များက 6524 NE 12th Ave ရှိ နေအိမ်ကို သွားရောက်ခဲ့ကြသည်။ လုယက်တိုက်ခိုက်မှု ဖြစ်ပွားချိန်က အသက် ၇၇ နှစ်ရှိ မြန်မာစကားပြောသော အဖွားနှင့် အသက် ၁၁ နှစ်ရှိ မြေးယောက်ျားလေးတို့သာ အိမ်မှာ ရှိနေကြပါသည်။
အင်္ဂလိပ်စကား အတော်အတန် ပြောနိုင်သော မြေးငယ်က ရဲများကို ပြောပြချက်အရ ပြစ်မှုကျူးလွန်သူများမှာ မြန်မာစကားပြောသော အသားမည်းမည်း အသက်မခန့်မှန်းနိုင်သူ သုံးဦး ဖြစ်ကြသည်။ ၎င်းတို့သည် ခေါင်းစွပ်ပါသော ဂျက်ကက်အညိုရောင်များ ဝတ်ဆင်၍ မျက်နှာကို အဝတ်နီဖြင့် စည်းထားကြသည်ဟု သိရ၏။ နှစ်ဦးမှာ အရပ်ရှည်၍ ကျန်တစ်ဦးမှာ အရပ်ပိုပုကာ ၅ ပေ ၅ လက်မခန့် ရှိမည်ဟု ဆိုသည်။
လုယက်သူများသည် သော့ခတ်မထားသော တံခါးမှ အိမ်ထဲသို့ ဝင်လာကာ တစ်ဦးက သေနတ်တစ်လက်ကို ထုတ်ပြသည်။ ထိုသေနတ်သည် ဘောကျည်စေ့များ ထည့်ပစ်သော လေသေနတ်
 ဖြစ်ဖွယ်ရှိကြောင်း မြေးငယ်က ရဲများကို ပြောပြသည်။
လုယက်သူများသည် အဖွား၏ ဆေးဝါးများ ထည့်ထားသော အိတ်အမည်းကို ဆွဲလုကာ ခြေလျင်
 ထွက်ပြေးသွားကြသည်ဟု သိရ၏။ မည်သည့်ယာဉ် ပါဝင်ပတ်သက်မှု မသိရှိရချေ။ မည်သူတစ်ဦးမျှ ထိခိုက်ဒဏ်ရာ မရရှိဟု ဆိုပါသည်။
အမှုကိုစစ်ဆေးရန် မြန်မာစကားပြန်ခေါ်ယူထားပြီး အကြောင်းတစ်စုံတစ်ရာ သတင်းပေးလိုသူများသည် အမာရီလို ရဲတပ်ဖွဲ့ မှုခင်းတားဆီးရေး Crime Stoppers at 374-4400. သို့ ဆက်သွယ်
အကြောင်းကြားရန် တိုက်တွန်းနှိုးဆော်ထားသည်။
တက်ဆက်စ်ပြည်နယ်၊ အမာရီလိုမြို့သည် မြန်မာ၊ မွန်၊ ကရင် တိုင်းရင်းသား အများအပြား နေထိုင်သော မြို့ဖြစ်၍ အသားထုပ်ပိုးစက်ရုံနှင့် အခြားစက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်သူများဖြင့် စီးပွားရေး ပြေလည်ကြောင်း သိရသည်။
http://kabarthit.com/index.php?option=com_content&view=article&id=630:2015-04-28-01-22-11&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment