Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 11, 2015

ဆီးရီးယားနိုင်ငံ အတွင်းသို့ လက်နက်ပို့ဆောင်သည့် ကိစ္စရပ်တွင် ပါဝင်ခဲ့သည့် တူရကီစစ်သည် ၁၇ ဦးကို အာဏာပိုင် ဖမ်းဆီး




တူရကီနိုင်ငံ သည် ဆီးရီးယား နိုင်ငံ အတွင်းသို့ လက်နက် ပို့ဆောင်သည့် ကိစ္စရပ်တွင် ပါဝင်ခဲ့သည့် စစ်သည် ၁၇ ဦးကို ယမန်နေ့တွင် ဖမ်းဆီး လိုက်ကြောင်း သိရသည်။

ယခု ဖမ်းဆီးခံ ထားရသူများသည် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့နှင့် ဆက်နွှယ် နေသူများ ဖြစ်သည်ဟု ယူဆရပြီး ၄င်းတို့ကို တူရကီ လုံခြုံရေး တပ်ဖွဲ့ဝင် များက ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ အတွင်း ဆီးရီးယား နိုင်ငံသို့ လက်နက်များ တင်ဆောင် ထားသည့် ကုန်တင်ကား များကို တားဆီးခဲ့ရာမှ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ သတင်းများ အရ လက်နက်များကို တင်ဆောင်လာသည့် မော်တော်ယာဉ် များသည် တူရကီ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ (MIT) က ပိုင်ဆိုင်သည့် မော်တော်ယာဉ်များ ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် တူရကီ အစိုးရသည် ဆီးရီးယား အစိုးရအား တိုက်ခိုက်လျက် ရှိသည့် စစ်သွေးကြွ များကို အကူအညီ ပေးခြင်း မရှိကြောင်း ငြင်းဆို ထားခဲ့သည်။ ယင်း လက်နက်များ တရားမဝင် ပို့ဆောင်မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက ကနဦးတွင် လူပေါင်း ၃၂ ဦးကို ဖမ်းဆီး ထိန်းသိမ်း၍ စစ်ဆေး ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်သည် ၁၅ ဦးမှာ သက်ဆိုင်မှု မရှိသောကြောင့် အစိုးရက ပြန်လည် လွှတ်ပေးခဲ့သည်။ သို့သော် အခြား ၁၇ ဦးကို ဆီးရီးယား စစ်သွေးကြွ များထံ လက်နက် ပို့ဆောင်မှုဖြင့် တရားစွဲဆို ခဲ့ခြင်း ဖြစ်သည်။

တူရကီ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ အတွင်းသို့ လက်နက်များ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သည့် ထရပ်ကားများကို ရပ်တန့်၍ ရှာဖွေခဲ့ရာတွင် မော်တော်ယာဉ် များအပေါ်၌ MIT အဖွဲ့မှ တပ်ဖွဲ့ဝင် များကို တွေ့ရှိခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment