Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

မြောက်ကိုရီးယားက လူမနေသောကျွန်းပေါ်တွင် စစ်ဘက် အဆောက်အအုံများ တည်ဆောက်လျက်ရှိ






မြောက်ကိုရီးယား နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံ၏ ရှေ့တန်း စစ်မြေပြင် ဖြစ်သော ယွမ်ဗြောင်ကျွန်း ၏ အနောက်ဘက် ကမ်းလွန်ရှိ လူမနေသော ကျွန်းတစ်ကျွန်း ပေါ်တွင် စစ်ဘက် အဆောက်အအုံများ တည်ဆောက်လျက် ရှိကြောင်း တောင်ကိုရီးယား စစ်ဘက်က ဧပြီ ၂၂ ရက်တွင် အခိုင်အမာ ပြောကြားသည်။

အဆိုပါ အဆောက်အအုံ များသည် တာဝေးပစ် အမြောက်စခန်း တစ်ခု သို့မဟုတ် တောင်ကိုရီးယား နိုင်ငံ၏ စစ်ရေး လှုပ်ရှားမှု များကို ထောက်လှမ်း နိုင်မည့် စောင့်ကြည့် ထောက်လှမ်းရေး စခန်းတစ်ခု ဖြစ်လာ နိုင်ဖွယ် ရှိကြောင်း
တောင်ကိုရီးယား စစ်ဘက် က ယုံကြည် ထားသည်။

မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နှစ်နိုင်ငံအကြား လတ်တလော သတ်မှတ် ထားသော ပင်လယ်ပြင် နယ်နိမိတ် တစ်ခုဖြစ်သည့် မြောက်ပိုင်း ထိန်းချုပ်ရေး မျဉ်း(NLL) ၏ မြောက်ဘက် ၂ ဒသမ ၅ ကီလိုမီတာ အကွာရှိ ဂဲလ် ကျွန်းပေါ်တွင် မြေတူးဖော်ရန် စစ်ဘက် တပ်ဖွဲ့ဝင်များ နှင့် လိုအပ်သော အသုံးအဆောင် ပစ္စည်း ကိရိယာများကို ပြင်ဆင် ဖွဲ့စည်းလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကျွန်းသည် ယွမ်ဗြောင်ကျွန်း မှ ၄ ဒသမ ၅ ကီလိုမီတာ အကွာအဝေး တွင် တည်ရှိပြီး ၂ဝ၁ဝ ပြည့်နှစ်အတွင်း မြောက်ကိုရီးယား နိုင်ငံက ယွမ်ဗြောင်ကျွန်း အား အမြောက်ဖြင့် ပစ်ခတ်ခဲ့သော ဂျန်ဂျေးကျွန်း ၏ တောင်ဘက် ၂ ဒသမ ၄ ကီလိုမီတာ အကွာတွင် တည်ရှိသည့် ကျွန်းလည်း ဖြစ်သည်။

တောင်ကိုရီးယား နှင့် အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိ သူများက ဂြိုဟ်တုများနှင့် မောင်းသူမဲ့ လေယာဉ်များကို အသုံးပြု၍ အဆိုပါ အဆောက်အအုံ တည်ဆောက်မှုကို မျက်ခြည်မပြတ် စောင့်ကြည့် ထောက်လှမ်းမှု များ လုပ်ဆောင်လျက် ရှိကြောင်းနှင့် မြောက်ကိုရီးယား နိုင်ငံ၏ အမြောက်တပ်ဖွဲ့ များကို ဂဲလ်ကျွန်း ပေါ်တွင် တပ်ဖြန့် ချထားခဲ့မည် ဆိုပါက အဆိုပါကျွန်းသည် ပင်လယ်ဝါ အတွင်းရှိ တောင်ကိုရီးယား နိုင်ငံ၏ အနောက် မြောက်ပိုင်းရှေ့တန်း ကျွန်းစခန်း များကို မြောက်ကိုရီးယား နိုင်ငံဘက်မှ အနီးကပ်ဆုံး တိုက်ခိုက် နိုင်သည့်နေရာ ဖြစ်လာ လိမ့်မည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment