Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 23, 2015

အမေရိကန်လောဘီငှားရမ်းတဲ့ကိစ္စ ဒေါ်စုရဲ့ ဝေဖန်ချက်

အမေရိကန်လောဘီငှားရမ်းတဲ့ကိစ္စ ဒေါ်စုရဲ့ ဝေဖန်ချက်ပါ…
(မေး) မြန်မာအစိုးရက Podesta လို့ခေါ်တဲ့အမေရိကန်စည်းရုံးရေးအဖွဲ့တခုကို တနှစ်ကိုဒေါ်လာ၈သိန်း၎သောင်း ပေးပြီးဒီလဆန်းက ငှားရှမ်းလိုက်ပါတယ်…
အဲ့ကိစ္စအစ်မဘယ်လိုမြင်ပါသလဲခင်မျာ…
(ဖြေ) ဘာအတွက်ငှားရမ်းမှာလဲဆိုတာကို စိတ်ဝင်စား တယ်…
သူတို့အတွက်လော်ဘီလုပ်ပေးဖို့ဆိုတာ ဘာအတွက်လော်ဘီလုပ်ပေးဖို့လဲ…
တကယ်တော့ အစိုးရတစ်ခုရဲ့တာဝန်ဟာ နိုင်ငံသူနိုင်ငံသားတွေ ကောင်းကျိုးကိုဆောင်ရွက်ဖို့ အဲ့ဒီတာဝန်ကျေနေပြီ ဆိုရင် ဒီလိုအဖွဲ့တွေကို ဘာသွားငှားဖို့လိုလဲ…
(မေး) မြန်မာ့ပြည်တွင်းရေးမှာ တခြားနိုင်ငံတွေအဖွဲ့အစည်းတွေပါဝင်စွက်ဖက်တာ လက်မခံနိုင်ဘူးလို့ မြန်မာအစိုးရက အစဉ်တစိုက်ပြောဆ်ုခဲ့ဖူပါတယ်…
ဒီကိစ္စမှာ ဒီလိုဆောင်ရွက်တာကျတော့ အမေရိကန် အစိုးရနဲ့ ဆက်ဆံရေးကိုတိုးတက်ဖို့အတွက် ဘာကြောင့်ဒီလိုကြိုးစားနေတယ်လို့ပြောနိုင်သလဲခင်မျာ!
(ဖြေ) အဲ့ဒါကတော့ ကိုခင်မောင်စိုးရေ အရှေ့အနာက်မညီတာပေါ့…
သူများလုပ်လို့ရှိရင်တော့ ပြည်ပအားကိုးစသဖြင့်ပေါ့ ကိုယ်လုပ်လို့ရှိရင်တော့တမျိုးပေါ့…
(ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အစီအစဉ်)
(အသံဖိုင်အပြည့်အစုံ)

No comments:

Post a Comment