CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, April 3, 2015
ပရိသတ်ကို အရူးလုပ်ခဲ့သူများ
နိုင်ငံတကာတွင် ဧပြီ ၁ ရက်ရောက်တိုင်း Apirl Fool နေ့ အဖြစ် မိတ်ဆွေသူငယ်ချင်းများ အား အကြောင်းအရာတစ်ခုကို ယုံအောင်ပြော၍ အရူးလုပ်လေ့ရှိ ကြသည်။ ထိုယဉ်ကျေးမှုက မြန် မာနိုင်ငံသို့ ပျံ့နှံ့လာသည်မှာ နှစ် အနည်းငယ်ရှိပြီ ဖြစ်သည်။ ထို့အ တူ လူမှုကွန်ရက်စာမျက်နှာတွင် လည်း မတ်လ၃၁ ရက် သန်းခေါင်ယံအချိန်ကတည်းက ဖေ့စ်ဘွတ်ခ်စာ မျက်နှာအသီးသီးတွင် မိတ်ဆွေသူငယ်ချင်းများ ယုံနိုင်လောက်သည့် အကြောင်းအရာများ တင်ခဲ့ကြ ပြီး ပရိသတ်ချစ်သည့် အနုပညာ ရှင်အချို့ကလည်း ပရိသတ်ကို စနောက်ခဲ့ပြီး April Fool လုပ်ခဲ့ကြ သည်။
ဧပြီ ၁ ရက်မကူးမီကတည်း က အဆိုတော် ရန်ရန်ချန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ‘‘သြော်...တစ်ယောက်ပြီး တစ် ယောက်ပါလား...Vin Diesel ရေ’’ဟု ရေးကာ April Fool ပြုလုပ်ခဲ့သည်။ Fast and Furious ဇာတ် ကားမှ မင်းသား ဗင်ဒဇယ်သေ သွားသယောင်ယောင်ရေးခဲ့ကာ ပရိသတ်ကို နောက်ခဲ့သည်။ ကိကိကျော်ဇောကလည်း ‘‘သင်္ကြန်ပြီး ရင် အိမ်က မိန်းမပေးစားတော့ မယ်တဲ့ ကွိုင်ပဲ!!!’’ဟု ရေးသား၍ April Fool လုပ်ခဲ့ပြီး ဧပြီ ၂ ရက် နံနက်တွင် ‘‘Newsfeed မှာ အိမ်ကယောက်ျားပေးစားတော့မယ်၊ မင်္ဂလာဆောင်တော့မယ်ဆိုပြီး Post တင်ထားတဲ့ မိန်းကလေးတွေ အ များကြီးတွေ့နေရတော့ ကျွန် တော်တွေးမိတယ်။ ကျွန်တော့် အိမ်ကပေးစားမယ်ဆိုတဲ့ မိန်းမကသူတို့တွေထဲက တစ်ယောက်များ လား ဟီဟိ’’ဟု ပြန်လည်ရေးသား ခဲ့သည်။
ထို့အတူ အလှမယ် မေမြတ် နိုးကလည်း ဧပြီ ၁ ရက်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘‘Sin-gapore ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။ ပညာရေးကိုပဲ အဓိကထားပြီး ကြိုးစားတော့မယ်။ Goodbye Everyone’’ဟု ရေးသားကာ လေယာဉ်ကွင်းသို့ ရောက်ရှိနေသည့် ပုံစံတင်၍ April Fool ပြုလုပ်ခဲ့သည်။ ထို့နောက် ဧပြီ ၂ ရက် နံနက် ၁ နာရီခန့်တွင် ယင်း ကိစ္စမှာစနောက်ခဲ့ခြင်းသာဖြစ် သည်ဟု ပြော၍ ပရိသတ်ကို ပြန်လည်ဖြေရှင်းခဲ့သည်။
‘‘မြတ်နိုး Singapore ပြန် တော့မယ်ဆိုတဲ့ Post က April Fools Day အတွက် နောက်ထား တာပါ။ အစကတည်းက သိနေတဲ့သူ တွေကို Congratulations ပါ။ ပြန်စေချင်တဲ့သူတွေအတွက်တော့ စိတ်မကောင်းပါဘူး။ Facebook က အရမ်းချစ်ဖို့ကောင်းသော သူငယ်ချင်းတွေ၊ ပရိသတ်တွေအားလုံးပဲ ကောင်းသောညလေးပါရှင်’’ဟု ပြန်လည်ရေးသားထားသည်။
ထို့အတူ တေးသံရှင်ဖြိုးကြီး က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ‘‘တရားမ၀င်ခိုးကူးများ ၂၀၁၅တွင် အပြီးအပိုင်ရှင်းလင်းပေးရန် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ ဦးသားစိုးတင်သွင်းသော အဆိုကို လွှတ်တော်အတည်ပြုပြဋ္ဌာန်း’’ဆို သည့် စာသားကိုတင်၍ April Fool ပြုလုပ်ခဲ့သည်။ ယင်းစာသားကို သားစိုးကလည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပြန်လည် ဝေမျှခဲ့သည်။ နန်းမြတ်ဖြိုးသင်းက လည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် April Fool လုပ်ခြင်းမ ဟုတ်ဟု စကားခံ၍ အနုပညာအ လုပ်များကို စွန့်လွှတ်တော့မည်ဆို သည့် အကြောင်းကို ရေးသားခဲ့ သည်။
‘‘ကိုယ်အရမ်းဝါသနာပါတဲ့ အလုပ်ဖြစ်ပေမယ့် ဘ၀နောင်ရေး ကို မျှော်တွေး၍ ယနေ့မှစ၍ အနု ပညာလုပ်ငန်းများကို အပြီးအပိုင် ယတိပြတ်ရပ်နားရပါတော့မည်။ April Fool လုပ်တာမဟုတ်ပါ ဘူး။ တိုက်ဆိုင်စွာပဲ မရလောက် ဘူးထင်တဲ့ ကျောင်းခေါ်စာက ဒီ နေ့ပဲ ရောက်လာပါတယ်’’ဟု ရေး သား၍ တင်ခဲ့သည်။
ထို့နောက် ဧပြီ ၂ ရက်တွင် ‘‘April Fool လုပ်မိတာ ခွင့်လွှတ် ပါနော်၊ ချစ်သူ ခင်သူများအား လုံးပဲ နန်းမြတ်အနုပညာအလုပ်တွေ မရပ်ပါဘူး။ ဆက်ကြိုးစားသွားမှာပါ။ ဖုန်းနဲ့တစ်မျိုး Cmt တစ်ဖုံ Chatbox က တစ်သွယ် စိတ်ပူပြီးမေးကြတဲ့သူတွေကို အရမ်းချစ်ပါတယ်လို့စ်...ဟီးဟီး’’ဟု ရေးသား၍ တင်ခဲ့သည်။
မင်းသားစိုင်းစည်တွမ်ခမ်း ကလည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ကမ်းခြေတစ်ခု၌ ကောင်မလေးတစ်ယောက်က ကျောပေးထိုင်ထားသည့်ပုံကို တင်ခဲ့ပြီး ‘‘ငွေဆောင်မှာ ဘယ်သူ တွေရှိကြလဲဗျို့၊ မိန်းမခိုးပြေးလာ တာ နှစ်ယောက်တည်း ပျင်းနေလို့၊ ရှိရင် ညစာအတူတူစားကြရအောင်ဗျာ၊ ပြောကြပါဦး။ အမှတ်တရပေါ့’’ဟု ရေးကာတင်ခဲ့ခြင်း ဖြစ်သည်။
ပရိသတ်များက ယင်းအ ကြောင်းအရာကို April Fool ဖြစ် ပါစေဟု မှတ်ချက်များပေးထား ကြပြီး ယင်းကိစ္စအပေါ် စိုင်းစည် တွမ်ခမ်းက ပြန်လည်ဖြေရှင်းခြင်း မရှိသေးပေ။
မော်ဒယ်နန်းခေးမားက လည်း ဧပြီ ၁ ရက် ည ၉ နာရီအ ချိန်ခန့်တွင် ‘‘OMG...I Say Yesssss...Wedding Coming Soon...’’ဟု ရေးသားပြီး အိမ် ထောင်ပြုဖို့ ခေါင်းညိတ်လိုက်ပြီ မကြာမီမင်္ဂလာပွဲကျင်းပတော့ မယ်’’ဟု တင်ထားခဲ့သော်လည်း April Fool လုပ်ခြင်းသာ ဖြစ် ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။
7daydaily
ပရိသတ်ကို အရူးလုပ်ခဲ့သူများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment