Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 10, 2015

ဘော်စတွန်မြို့ မာရသွန်အပြေးပြိုင်ပွဲ ဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲထားခြင်းခံရသူ ထောင်ဒဏ်တစ်သက် သို့မဟုတ် သေဒဏ်ကျခံရဖွယ်ရှိ



Tsarnaev guilty of all 30 counts in Boston bombing




အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ် ဘော်စတွန်မြို့ ၌ ဖြစ်ပွားခဲ့သည့် မာရသွန် အပြေးပြိုင်ပွဲ ဗုံးခွဲ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲ ခံရသူကို အာဏာပိုင် များက စွဲချက်ပေါင်း ၃ဝ ဖြင့် တရားစွဲ ဆိုထားရာ ၄င်းမှာ ပြစ်မှုထင်ရှား ခြင်းကြောင့် ထောင်ဒဏ် တစ်သက် သို့မဟုတ် သေဒဏ်ကျခံ ရဖွယ်ရှိကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

အာဏာပိုင် များ၏ တရားစွဲဆို ခြင်းကို ခံထားရသည့် ဇိုခါဆာနေယက်ဗ် သည် ကာဂျီကစ္စတန် နိုင်ငံဖွား အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်ပြီး အစိုးရက ၄င်းကို ၂ဝ၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှုတွင် ပါဝင်မှုဖြင့် တရားစွဲဆို ထားခြင်း ဖြစ်သည်။ ၄င်းအပေါ် စွဲဆိုထားသည့် စွဲချက် ၃ဝ အနက် ၁၇ ခုတွင် ပြစ်မှု ထင်ရှားပါက ဆာနေယက်ဗ် အနေဖြင့် ထောင်ဒဏ် တစ်သက် သို့မဟုတ် သေဒဏ် ချမှတ်ခံရဖွယ် ရှိကြောင်း သိရသည်။

သို့ရာတွင် ၄င်းကို သေဒဏ် ချမှတ်ခြင်း ပြု၊ မပြုကို စီရင်ချက် ချမှတ်ရာတွင် ပါဝင်သည့် ဂျူရီ လူကြီးများက ထပ်မံ ဆုံးဖြတ်သွားမည် ဖြစ်သည်။ ဘော်စတွန်မြို့ တွင် ၂ဝ၁၃ ခုနှစ် ဧပြီလအတွင်း က ဖြစ်ပွားခဲ့သည့် အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှုတွင် လူသုံးဦး သေဆုံးခဲ့ပြီး အခြား ၂၆၄ ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှုတွင် ပါဝင်သည့် ဆာနေယက်ဗ် ၏ အစ်ကိုဖြစ်သူ တာမာလန် ဆာနေယက်ဗ် မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ် တိုက်ခိုက်မှု ကြောင့် သေဆုံး ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment