Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 23, 2015

ရုပ်ရှင်ဇာတ်ကားတွင် အသုံးပြုရန် မြန်မာငွေစက္ကူအတု ၃၆၉ သိန်းကို ထိုင်းလေယာဉ်ဖြင့် သယ်ဆောင်လာသည့် အိန္ဒိယနိုင်ငံသားများကို စုံစမ်းစစ်ဆေး


 မြန်မာနိုင်ငံ၌ အမေရိကန် နိုင်ငံ FOX ကုမ္ပဏီက လာရောက် ရိုက်ကူးသည့် Rangon ရုပ်ရှင် ဇာတ်ကား
တွင် အသုံးပြုရန် မြန်မာငွေ စက္ကူအတု ငွေကျပ် ၃၉၆ သိန်းကို ထိုင်းလေယာဉ်ဖြင့် သယ်ဆောင် လာသည့် အိန္ဒိယ နိုင်ငံသား များကို စုံစမ်းစစ်ဆေး ခဲ့ကြောင်း သိရသည်။ ယခုနှစ် မတ်၂၃ ရက်က ထိုင်းလေကြောင်း  လိုင်းဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ရောက်ရှိ လာသည့် အိန္ဒိယနိုင်ငံသား ၂၃ ဦးထံမှ
 တစ်ထောင်ကျပ်တန် ငွေစက္ကူ အတု ငွေကျပ် ၃၉၆ သိန်းကို သိမ်းဆည်း ရမိခဲ့သည်။ ထို ငွေစက္ကူအတု
 သယ်ဆောင် လာမှုဖြင့် ၄င်းအဖွဲ့မှ အိန္ဒိယနိုင်ငံသား အသက် ၄၅နှစ် အရွယ်ရှိ Mr. Senthilkumar Balaraman နှင့် Mr.Megarej Chandrasekaran တို့ကို မင်္ဂလာဒုံ မြို့မ ရဲစခန်းက ၂ဝ၁၃ ခုနှစ် မြန်မာ
 နိုင်ငံတော် ဗဟိုဘဏ် အက်ဥပဒေပုဒ်မ - ၁ဝ၅/ ၁ဝ၆ ဖြင့် အမှုဖွင့်ခဲ့ သည်ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ
 လေဆိပ် ရဲတပ်ဖွဲ့ ထံမှ သိရသည်။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ
 ငွေစက္ကူအတု များသည် ပုဂံ - ညောင်ဦးတွင် Rangon ဇာတ်လမ်း အမည်ဖြင့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် အိန္ဒိယနိုင်ငံ FOX ကုမ္ပဏီမှ ရိုက်ကူးရေး အဖွဲ့က ရိုက်ကူးရေးတွင် အသုံးပြုမည့် ငွေစက္ကူ အတုများ
 ဖြစ်ကြောင်း အမေရိကန် အခြေစိုက် FOX ကုမ္ပဏီ ဘက်မှ ခိုင်လုံသည့် သက်သေ အထောက်အထားများ တင်ပြနိုင် ခဲ့သောကြောင့် ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးက ပြန်လည် ပိတ်သိမ်း စေခဲ့သည့် အမှုလည်း ဖြစ်ကြောင်း သိရသည်။ “FOX ကုမ္ပဏီက ရုပ်ရှင်ရိုက်ကူး ရာမှာ အသုံးပြုမယ့် နိုင်ငံတကာရဲ့ ဘယ် အသုံးအဆောင် ပစ္စည်းကို မဆို နမူနာပုံစံ အတုလုပ် အသုံးပြုခွင့် ရထားတယ်။ မြန်မာနိုင်ငံမှာ ရုပ်ရှင် ရိုက်ကူးရေး အတွက် ငွေစက္ကူ အတုတွေ ယူလာမယ် ဆိုတာကို ကြိုတင် အကြောင်းမကြား ခဲ့လို့ရဲက ဖမ်းဆီးခဲ့တာပါ။ နိုင်ငံတော်ရဲ့ ငွေကြေးကိုလဲ အတုလုပ် အသုံးပြုခွင့် မရှိပါဘူး။ ဒါပေမဲ့ ရိုက်ကူးရေး အတွက် နမူနာပုံစံ အတုလုပ် အသုံးပြု ခဲ့ကြောင်းကို သူတို့ဘက်က သက်သေ ခိုင်လုံစွာ တင်ပြနိုင်တယ်။ ပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးလဲ ရှိတာကြောင့် ဒီအမှုကို ပြန်ရုပ် သိမ်းပေးခဲ့ တာပါ '' ဟု မြောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ ''ဖမ်းမိတဲ့ တစ်ထောင်တန် ငွေစက္ကူအတု အားလုံးက နံပါတ်တူ တွေ
ချည်း ရိုက်နှိပ်ထားပြီး Sample ဆိုတဲ့ တံဆိပ်ရိုက် ထားတာ တွေ့ရတယ်။ စစ်ပြီးခေတ် ဒီနိုင်ငံမှာ ကျန်ခဲ့တဲ့ အိန္ဒိယ နိုင်ငံသားတွေကို သူ့ မိသားစုဝင် တွေက အိန္ဒိယကနေ ချမ်းသာကြွယ်ဝသူ အဖြစ် မြန်မာပြည် အလည်လာပြီး သရုပ်ဆောင်မယ့် ဇာတ်ဝင်ခန်းကို ရိုက်ဖို့ ငွေစက္ကူ အတုတွေ ယူလာတာလို့ သိရပါတယ်။
မသမာတဲ့စိတ်နဲ့ ယူဆောင် ခဲ့တာ မဟုတ်သလို သူတို့ ရုပ်ရှင် ကုမ္ပဏီကြီးမှာ အတုလုပ် အသုံးပြု ခွင့်ကို တခြားနိုင်ငံ တွေကပါ ခွင့်ပြုထားတာ တွေရှိမှန်း စုံစမ်းသိရှိရ တာကြောင့် ဧပြီ လဆန်းပိုင်းက ဒီအမှုကို ပြန်
ရုပ်သိမ်း ပေးခဲ့တာပါ '' ဟု မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောပြသည်။

 #PyiChitThar

No comments:

Post a Comment