ပုံစာ - အထူးခုံရုံးဖွဲ့အပြီးမှာတွေ့ရတဲ့ ခုံသမာဓိအဖွဲ့နဲ့ ဒေသခံရဟန်းရှင် လူများ။ |
အသတ်ခံရတဲ့ ဆရာတော်ဦးကုသလ သက်တော် ၆၈ နှစ် ၀ါတော် ၁၉ ၀ါကို ယမန်နှစ်ကုန်ပိုင်းက ကရင်လက်နက်ကိုင်အဖွဲ့တခုက တပ်ဖွဲ့ဝင် ၅ ဦးက သစ်ခုတ်တဲ့ ကိစ္စကနေ အချင်းများပြီး သတ်ဖြတ်လိုက်တဲ့အမှု ဖြစ်ပါတယ်။
အသတ်ခံရတဲ့ဆရာတော်ဟာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ပိုင်ကျုံ မြို့ နယ်ခွဲက မယ်လရွာသစ်မှာ ကျောင်းထိုင်တဲ့ ဆရာတော်ဖြစ် ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ထိရောက်တဲ့အရေးယူမှုတွေ မရှိခဲ့ရင်တော့ ဒေသခံ ရဟန်းရှင်လူတွေက နယ်လုံးကျွတ် ဆန္ဒပြကြမယ်လို့လည်း ပြောဆိုနေ ကြပါတယ်။
အထူခုံရုံးအဖွဲ့ဝင်တဦးဖြစ်တဲ့ DKBA က ဆက်ဆံရေးအရာရှိ ဗိုလ်မှူး စောသရဲနီ က" ကျနော်တို့ကတော့ တရားမျှတမှုရှိစွာနဲ့ ဒီအမှုကိုစီရင် သွားမှာဖြစ်ပါတယ် ကျောသားရင်သားဆိုပြီး မရှိပါဘူး အားလုံးတပြေး ညီပါဘဲ"ဆိုပြီး ကရင်အမျိုးသား (မီဒီယာ) ကို ပြောဆိုပါတယ်။
ဒီလိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ဘို့ အတွက်ကိုဘဲ လိုလားတယ်ဆို တဲ့ အကြောင်း လှိုင်းဘွဲမြို့ နယ် ဂတ်တဲကျေးရွာက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဒမေဓါဝီ ကလည်း ဒေသခံရဟန်းရှင်လူတွေရဲ့ သဘောထားကို မိန့်ကြားခဲ့ပါတယ်။
ကရင်အရေးလေ့လာ နေသူတွေကတော့ ကရင်လက်နက်ကိုင်အဖွဲ့အစည်း တွေကြားမှာ တရားဥပဒေစိုးးမိုးမှု အတိုင်းအတာ ဘယ်လောက်ရှိလည်း ဆိုတာကိုတော့ ဒီအမှုဖြစ်စဉ်နဲ့ တရားစီရင်ရေးကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသား- မီဒီယာ
https://www.facebook.com
No comments:
Post a Comment