Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 23, 2015

ဆိုင်ကယ်ပေါ်မှာ မိသားစု (၆)ဦး စီးနင်းခဲ့လို့ ဝေဖန်စရာ ဖြစ်လာ


အာဂျင်တီးနားနိုင်ငံမှာ ဆိုင်ကယ်တစ်စီးတည်းကို မိသားစုဝင် ခြောက်ဦး အထိစီးနင်းခဲ့တာကြောင့် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ဆိုင်ကယ် ပေါ်မှာ လိုက်ပါစီးနင်းသူ အများစုဟာ ကလေးငယ်တွေ ဖြစ်တာကြောင့် အဆင်ခြင်မဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့ကြ ပါတယ်။ တူကူမန်း အရပ် ဒေသရှိ လမ်းမတစ်နေရာမှာ ဆိုင်ကယ်ကို စီးနင်းခဲ့တာဖြစ်ပြီး၊ ဒီလိုစီးနင်းမှုကို ဓာတ်ပုံ ရိုက်ကူးပြီး လူမူကွန်ရက်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ဝေဖန်ချက် မျိုးစုံ ပေါ်ထွက်လာ ခဲ့ပြီး၊ ရဲတပ်ဖွဲ့ကလည်း စည်းကမ်းမဲ့ ဆိုင်ကယ်စီးသူကို ရှာဖွေမှုတွေ ပြုလုပ်ပြီး ပညာပေးသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဆိုင်ကယ် မောင်းနှင်သူဟာ ဆိုင်ကယ်ဦးထုပ် ဆောင်း ထားခြင်းမရှိဘဲ ကလေးငယ် (၄) ဦးအထိ တင်ဆောင်ခဲ့ပါတယ်။ အာဂျင်တီးနား နိုင်ငံသား အများစုဟာ ဆင်းရဲသူတွေ ဖြစ်တ ကြောင့် သယ်ယူ ပို့ဆောင်ရေးတွေ ပြုလုပ်ရာမှာ ဒီလိုမျိုးလုပ်ရပ်တွေ မကြာခဏ ပြုလုပ်လေ့ရှိပြီး၊ အချို့အချိန်တွေမှာ လူ (၇)ဦးအထိ လိုက်ပါ စီးလေ့ရှိကြောင်း လူမူ ကွန်ရက်တွေမှာ ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ကလေးငယ်တွေ တင်ဆောင်ပြီး စီးနင်းခြင်းကြောင့် မလိုလားမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်သူတွေ လည်း ရှိနေတယ်လို့ ဆိုထားပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=35189

No comments:

Post a Comment