![]() |
Dozens of dinosaur eggs discovered by construction workers in Chinese city |
ဒိုင်နိုဆောဥ ကျောက်ဖြစ် ရုပ်ကြွင်း ၄၃ ခု ပါဝင်သော ဒိုင်နိုဆော အသိုက် တစ်ခုကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ဟိုရွမ်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု၌ တွေ့ရှိ ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန က ဧပြီ ၂၃ ရက်တွင် ဖော်ပြ ထားသည်။
အဆိုပါ ဒိုင်နိုဆော ဥများအနက် ၁၉ လုံးမှာ ခြေရာလက်ရာ မပျက် ရှိနေသေးကြောင်း၊ အရွယ်အစား အားဖြင့် ကြီးမားပြီး ဥတစ်လုံးစီ၏ အချင်းမှာ ၁၃ စင်တီမီတာ အထိ ရှိကြောင်း နှင့် ယင်း ဥများသည် မည်သည့် ဒိုင်နိုဆော အမျိုးအစား ၏ ဥများ ဖြစ်သည်ကို မသိရှိကြောင်း ၄င်းမြို့ရှိ ဒိုင်နိုဆော ပြတိုက် တာဝန်ခံ ဒုယန်လီ က ပြောကြားသည်။
ယင်း ဒိုင်နိုဆောဥ များကို လေ့လာ စူးစမ်းမှုများ နှင့် သုတေသန လုပ်ငန်းများ လုပ်ဆောင်ရန် ဒိုင်နိုဆော ပြတိုက်သို့ ပို့ထားကြောင်း သိရသည်။ ဟိုရွမ်မြို့တွင် ၁၉၉၆ ခုနှစ်မှ စ၍ ယင်းကဲ့သို့ ဒိုင်နိုဆော ဥ ကျောက်ဖြစ် ရုပ်ကြွင်းများကို စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ယခု အချိန်အထိ တွေ့ရှိထားသော ဒိုင်နိုဆောဥ အရေအတွက်မှာ ၁၇ဝဝဝ နီးပါးရှိကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ဒိုင်နိုဆော ပြတိုက်သည် ကမ္ဘာပေါ်တွင် ဒိုင်နိုဆောဥ အများဆုံး ထိန်းသိမ်း ထားသည့် ပြတိုက်အဖြစ် ဂင်းနစ် မှတ်တမ်းဝင် ထားပြီး ထိန်းသိမ်း ထားသည့် ဒိုင်နိုဆောဥ ကျောက်ဖြစ် ရုပ်ကြွင်းများ သည် လွန်ခဲ့သော နှစ်သန်းပေါင်း ၈၉ သန်း နှင့် ၆၅ သန်းအကြားမှ ကျောက်ဖြစ် ရုပ်ကြွင်းများ ဖြစ်သည်။
#PyiChitThar
No comments:
Post a Comment