Written by ဖနိဒါ
ချင်းမိုင်၊ ဧပြီ ၂၁။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၈
ကြိမ်မြောက် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) လူငယ် ညီလာခံကို
ဧပြီလ ၂၁ ရက်က စတင် ကျင်းပနေ ပြီဖြစ်သည်။
(ဓာတ်ပုံ- Jade Land)
“အဓိကရည်ရွယ်ချက်က ကျွန်တော်တို့နှစ်ခြင်းလူငယ်တွေရဲ့ မိတ်သဟာရတစ်နိုင်ငံလုံး အတိုင်းအတာငါးနှစ်တစ်ကြိမ်တွေ့ဆုံပြီးမှ ဘုရားသခင်ရဲ့ သိက္ခာတော် များကို သင်ကြားနိုင်ဖို့၊ လူငယ် အချင်းချင်း မိတ်သဟာရ ဖွဲ့ဖို့၊ ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ ယုံကြည် ချက်တွေ ကိုပြန်ပြီး လက်ဆင့်ကမ်းနိုင် ဖို့အတွက် ရည် ရွယ်ခြင်း ဖြစ်ပါတယ်”ဟု လူငယ်ညီလာခံ ဖြစ်မြောက်ရေးကော်မတီ၏ အကြံပေးတစ်ဦးဖြစ်သူ ကိုအင်ခွန်တန်ဂွန်း ကပြောသည်။
KBC လူငယ်ညီလာခံကို မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာရှိ ကချင်ဓမ္မတက္ကသိုလ် (KTCS) တွင် ဧပြီလ ၂၁ ရက် ညနေ၌ ဖွင့်ပွဲ ကျင်းပခဲ့သည်။ ညီလာခံတွင် ဘာသာရေးခေါင်းဆောင်များ၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)ခေါင်းဆောင် များ၏ ဓါတ်ပုံများကို လူငယ်များ ပိုမိုသိ ရှိစေရန်ပြသ ထားသည်ဟု သိရသည်။
(ဓာတ်ပုံ- Jade Land)
ဧပြီလ ၂၂ရက်တွင် နှစ်ခြင်းခရစ်ယာန် ယုံကြည်ခြင်းအကြောင်းကို သိက္ခာတော်ရဆရာကြီး ဦးလမြန် KBC ၏ အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရဆရာ ကြီးဒေါက်တာ ခလမ်ဆမ်ဇွန် တို့ဟောပြောမည် ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ နည်းပညာ အထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်၊ Shalomဖောင်ဒေးရှင်းမှ ဆရာမဒေါ်ဂျာနန်နှင့်ကချင်ငြိမ်းချမ်းရေးကွန်ယက် မှဒေါ်ခေါန်ဂျာ တို့လည်း လာရောက်ဟောပြော မည်ဖြစ်သည်။
၎င်းတို့၏ ဟောပြော ဆွေးနွေးချက်များအပေါ် မူတည်၍ ကချင်နှစ်ခြင်းခရစ်ယာန် လူငယ် ညီလာခံ တက်ရောက်လာသော လူငယ်များ ရှေ့ဆက် လုပ်ဆောင်ရ မည့် လုပ်ငန်းများကို တစ်စုံတစ်ရာ ဆုံးဖြတ် မည်ဖြစ်ကြောင်း သူကပြောသည်။
၅ နှစ်တစ်ကြိမ် ကျင်းပသော KBC ကချင်နှစ်ခြင်းခရစ်ယာန် လူငယ်ညီလာခံသို့ မြန်မာတစ်နိုင်ငံလုံးရှိ လူငယ်ပေါင်း ၈၀၀၀ ကျော် တက်ရောက်မည်ဟု လျာ ထားသည်ဟု ဆိုသည်။
ထိုလူငယ် ညီလာခံကို ၂၀၀၇ ခုနှစ်တွင် ၇ ကြိမ်မြောက် ကျင်းပ ခဲ့ရာ ၈ ကြိမ်မြောက်ကို ၂၀၁၃ ခုနှစ်တွင် ရှမ်းပြည်နယ် မူဆယ် ခရိုင်တွင် ကျင်းပရန် စီစဉ် ခဲ့သော်လည်း အစိုးရနှင့် KIO တပ်တို့အကြား စစ်ရေးတင်းမာနေသဖြင့် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။ ထပ်မံ၍ ၂၀၁၅ ခုနှစ်အတွက် ၈ကြိမ်မြောက် ညီလာခံကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျင်းပရန် ရည်ရွယ်ထားသော်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေဆဲ ဖြစ်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပ ရခြင်းဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/43354-2015-04-21-13-39-30
No comments:
Post a Comment