ကမ္ဘာ့အပြင်ဘက်တွင် သက်ရှိများရှိကြောင်း တိကျတဲ့ သက်သေ အထောက်အထားများကို နှစ် ၂၀နဲ့ ၃၀ အတွင်း တွေ့ရှိနိုင်တယ်လို့ အမေရိကန် ပြည်ထောင်စု အမျိုးသား အာကာသနဲ့ လေကြောင်း ဦးစီးဌာန (နာဆာ)အကြီးအကဲက ပြောပါတယ်။
ဧပြီ ၇ ရက် စကြာဝဋ္ဌာရှိ ရေအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ဘယ်နေရာမှာ ကြည့်ရမယ်၊ ဘယ်လိုကြည့်ရမယ်ဆိုတာကို ကျမတို့ သိနေတယ်၊ တချို့ကိစ္စအများစုအတွက် နည်းပညာတွေ ကျမတို့ဆီမှာ ရှိနေတယ်၊ မကြာခင် လမ်းကြောင်းပေါ်ကို ရောက်မှာပါ” လို့ နာဆာ အကြီးအကဲ အီလန်စတိုဖန်က ပြောပါတယ်။
နာဆာက ဂြိုဟ်သားတွေကို ပြောဆိုတာမဟုတ်ဘဲ အဏုကြည့်ကိရိယာဖြင့်သာ မြင်နိုင်သော ပိုးမွှား အဏုဇီဝရုပ်တွေကို ရည်ညွှန်း ပြောဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရှာဖွေမှုအတွက် ဟူလ်ဘာ အာကာသကြည့်မှန်ပြောင်းက အဓိက ကျတယ်လို့လည်း နာဆာက သတင်းတွေမှာ ထုတ်ပြန်ဖူးတယ်။
အာကာသယာဉ်မှူးဟောင်း ဂျွန်ဂရန်ဖီလ်းကတော့ စိတ်လှုပ်ရှားစရာ အချိန်တခု ဖြစ်တယ်လို့ ပြောပါတယ်။
ဒါအပြင် အင်္ဂါဂြိုဟ် အလွန်မှာလည်း ကမ္ဘာနဲ့အလားသဏ္ဌာန်တူတဲ့အရာတွေကို တွေ့ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
================
By ဒီဗွီဘီ
10 April 2015
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, April 9, 2015
ကမ္ဘာအပြင်ဘက်တွင် သက်ရှိများရှိကြောင်း အထောက်အထားများတွေ့ဟု နာဆာပြော
ကမ္ဘာအပြင်ဘက်တွင် သက်ရှိများရှိကြောင်း အထောက်အထားများတွေ့ဟု နာဆာပြော
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment