Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 3, 2015

ပင်လယ်ထဲ (၆၆)ရက်ကြာ မျောပါနေသည့် အမေရိကန်နိုင်ငံသား တစ်ဦးကို ဂျာမန် ဆီတင်သင်္ဘော ကယ်တင်




ပင်လယ်ထဲတွင် (၆၆)ရက်မျှ မျောပါနေသည့် အမေရိကန် ရွက်လှေသမား တစ်ဦးကို မြောက်ကာရိုလိုင်းနား ကမ်းလွန်တွင် ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။
အသက်(၃၇)နှစ်ရှိ လူးဝစ်ဂျော်ဒန်ကို ဧပြီ ၂ ရက်တွင် ဂျာမန် ဆီတင်သင်္ဘော တစ်စီးက တွေ့ရှိပြီး ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ (၃၅)ပေ အရှည်ရှိ ရွက်လှေမှာ ပက်လက်လန်သွားပြီးနောက် ဂျော်ဒန်သည် ရွက်လှေ ဝမ်းဗိုက်ပေါ် ထိုင်ရင်း မျောပါနေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အာဟာရအတွက် ငါးအစိမ်းများနှင့် မိုးရေတို့ကို အမှီပြု အသက်ဆက်ခဲ့ရသည်။
ဂျော်ဒန် ပျောက်ဆုံးနေကြောင်း သတင်းကို ဇန်နဝါရီ လကုန်တွင် မိသားစုက ရဲတပ်ဖွဲ့ထံ အသိပေး တိုင်ကြားထားခဲ့သည်။ ဂျော်ဒန်ကို ကယ်တင်လာကြောင်း သိရှိရပြီးနောက် ဖခင်ဖြစ်သူက သားထံ ဆက်သွယ်ကာ မိမိအနေဖြင့် ၎င်းကို အပြီးတိုင် လက်လွှတ်လိုက်ရပြီဟု ထင်မှတ်မိခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
မီယာမီ ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သည့် ရိုင်ယန်ဒေါ့စ်က ဂျော်ဒန်သည် အတ္တလန္တိတ် သမုဒ္ဒရာထဲတွင် (၆၆)ရက်မျှ မျောပါနေခဲ့ပြီး ၎င်းကို ကယ်တင်နိုင်ခဲ့ကြောင်း မြောက်ကာရိုလိုင်းနား ရေဒီယို WITNသို့ ပြောကြားခဲ့သည်။ ကမ်းခြေစောင့် တပ်ဖွဲ့သည် ဂျာမန် ဆီတင်သင်္ဘော Houstan Expressနှင့် အဆက်အသွယ် ပြုလုပ်ပြီးနောက် ဂျော်ဒန်ကို ရဟတ်ယာဉ်ဖြင့် သွားရောက် ခေါ်ဆောင်ကာ ဗာဂျီးနီးယားရှိ နော်ဖော့ခ်မှ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်။
ကြမ်းတမ်းခက်ထန်လှသည့် အခြေအနေတွင် ထိုမျှကြာရှည်အောင် တောင့်ခံနိုင်ခြင်းမှာ အလွန်အံ့ဩဖွယ် ဖြစ်သော်လည်း ဂျော်ဒန်၏ ဖခင်က မိမိသည် သားဖြစ်သူကို ပြန်တွေ့ရမည်ဆိုသော မျှော်လင့်ချက်ကို မစွန့်လွှတ်ခဲ့ဟု ပျော်ရွှင်စွာ ပြောကြားခဲ့သည်။
ဂျော်ဒန်သည် ဇန်နဝါရီ ၂၃ ရက်တွင် ၎င်း၏ ရွက်လှေကလေး Angelနှင့် အပျော်ငါးဖမ်းသင်္ဘော ထွက်သွားပြီး ထို့နောက်ပိုင်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ လှေမှောက်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း လှေမှောက်ချိန်တွင် ရေဒီယို ဆက်သွယ်ရေးတိုင်ပါ ကျိုးသွားခဲ့ကြောင်း အမေရိကန် သတင်းဌာနများက ဖော်ပြသွားသည်။
_Ref: BBC
http://www.7daydaily.com/story/35029#.VR79ruGIXao






No comments:

Post a Comment