Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 25, 2015

ဂျပန်ဝန်ကြီးချုပ်ရုံးပေါ်ရေဒီယို သတ္တိကြွဓာတ်ပါသည့် ဒရုန်းယာဉ် ဆင်းသက်စေခဲ့ သည့်နိုင်ငံသားအား ရဲက ဖမ်းဆီး

Written by  တိုကျို

ဖူကူရှီးမားနျူကလီးယားဓာတ်ပေါင်းဖိုဘေးသင့်ပြီးလေးနှစ်အကြာ နျူကလီးယားစွမ်းအင် ကိုပြန်လည် သုံးစွဲခြင်းကို ဆန့်ကျင် ဆန္ဒပြဟန်ရှိ သည့်ရေဒီယို သတ္တိ ကြွဓာတ် အနည်းကို ဒရုန်းယာဉ်ပေါ်တင်၍ ဝန်ကြီးချုပ်ရုံးပေါ် ဆင်းသက်စေခဲ့သည့် ဂျပန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားသည်။
nbdoivniolskovlks
အလုပ်လက်မဲ့တစ်ဦးဖြစ်သည့် အသက်၄၀အရွယ် ရာစူအိုယာမာမိုတိုဆိုသည် ဂျပန်အနောက်ပိုင်း ဖူကိုင်းပြည်နယ်တွင်နေထိုင်သူဖြစ်ပြီး ယင်းလုပ်ရပ် အတွက် အစိုးရလုပ်ငန်းများကို နှောင့်ယှက်ခြင်းစွဲချက်ဖြင့် ဧပြီ ၂၄ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲကပြောသည်။
၎င်းအတွက် အများဆုံးအပြစ်ဒဏ်မှာ ထောင်ဒဏ်သုံးနှစ်သို့မဟုတ် ငွေဒဏ် ယန်း ၅၀၀၀၀၀ ကျခံရမည်ဖြစ်သည်။
ယာမာမိုတိုက နျူကလီးယားစွမ်းအင်ကို ဆန့်ကျင်သဖြင့် ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောသည်။ ရဲဌာနက ၎င်း၏ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေးများ မပြီးပြတ်သေးသဖြင့် ထင်မြင်ချက်ပေးရန် ငြင်းဆိုသည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရုံးပေါ် ဆင်းသက်ခဲ့သည့် ဒရုန်းယာဉ်တွင် ပါရှိသည့်ရေဒီယို သတ္တိကြွဓာတ်သည် လူကို အန္တရာယ်ဖြစ်လောက်အောင်တော့ မများပြားကြောင်း သိရသည်။
Ref: CNA
 http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/43609-2015-04-25-10-48-07

No comments:

Post a Comment