Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 10, 2015

ဆေးခြောက်ရွက်က ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း အမေရိကန် သုတေသနအဖွဲ့ တွေ့ရှိ

ဆေးခြောက်သည် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း အမေရိကန်အစိုးရ ရန်ပုံငွေဖြင့် တည်ထောင်ထားသော သုတေသနအဖွဲ့အစည်းတခုက ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။ မူယစ်ဆေးဝါးအလွဲသုံးစားပြုလုပ်မှု အမျိုးသားအင်စတီကျု က ထုတ်ပြန်သောအစီရင်ထံစာတွင် အမေရိကအစိုးရက LSD၊ Ecstasy အစရှိသော မူးယစ်ဆေးများနှင့်အတူ အဆင့် ၁ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသည့် ဆေးခြောက်၏အာနိသင်ကောင်းများကို အသိအမှတ်ပြုထားသည်။

“အကြာခင်က တိရစ္ဆာများဖြင့် စမ်းသပ်မှုများတွင် ဆေးခြောက်သည် တချို့ကင်ဆာဆဲလ်များကို သေစေနိုင်ပြီး တချို့ကင်ဆာဆဲလ်များကို ကျုံ့သွားစေကြောင် တွေ့ရှိရသည်။ စမ်းသပ်မှုတခုတွင် ဆေးခြောက်ရွက်မှ ထုတ်ယူသည့် အဆီအနှစ်သည် အစိုးရွားဆုံးကင်ဆာတမျိုးဖြစ်သည့် ဦးနှောက်အကျိတ်ကင်ဆာဆဲလ်များကို လျော့ကျစေကြောင်း တွေ့ရသည်။

ကြွက်များဖြင့်စမ်းသက်ကြည့်ရာတွင် အဆိုပါအဆီအနှစ်ကို ဓါတ်ရောင်ခြည်ပေးရာတွင်ထည့်သွင်းအသုံးပြုလျင် ကင်ဆာဆဲလ်သတ်နိုင်စွမ်း ပိုမို ထိရောက်မှုရှိကြောင်း တွေ့ရသည်”ဟု ဖော်ပြထားသည် အမေရိကန်ပြည်ထောင်စုတွင် အချို့ပြည်နယ်များ၌ ဆေးခြောက်ကို ဆေးဝါးအဖြစ်အသုံးပြုခွင့်ပေးထားပြီး အချို့သော ပြည်နယ်များတွင် အပန်းဖြေရန်အတွက် သတ်မှတ်ပမာဏတခုအထိ တရားဝင်သုံးစွခွင့်ပြုထားသည်။ ဆေးခြောက်ကို ဆေးဝါးသုတေသနပြုလုပ်မှုများအတွက် ခွင့်ပြုထားသော ပြည်နယ်များတွင် ဆက်လက်ပြုလုပ်စေမည်ဖြစ်သော်လည်း တရားမ၀င်သုံးစွဲသူများကိုမူ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း အမေရိကန်တရားရေးဌာန က ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်သည်။

No comments:

Post a Comment