Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 21, 2015

နာဂစ်ဒုက္ခသည်များအပေါ် တိုင်းအစိုးရ ကတိမတည်၍ နေရာသစ်တွင် အခက်ကြုံနေရ ဒုက္ခသည်များပြော

Written by  စည်သူမောင်မောင်

ပုသိမ်၊ ဧပြီ ၂၁။       ။ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ နာဂစ်ဒဏ်ခံ ဒုက္ခသည်များ အတွက်မြေနေရာ ချထားပေး မှုတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ကပြော ထားသည့် အတိုင်းဆောင် ရွက်ပေးခြင်း မရှိဟု လပွတ္တာမြို့ ၅ မိုင် သို့ပြောင်းရွှေ့ လာသူများက မီဒီယာများ ကိုပြောသည်။
lapputtar
နာဂစ်ဒုက္ခသည်အချို့ လပွတ္တာ ငါးမိုင်နေရာသစ်တွင် အိမ်ဆောက်လုပ်ထားသည်ကို ဧပြီ ၂၁ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-စည်သူမောင်မောင်)
“ကျွန်တော်တို့ အခုပြောင်း လာတော့မြေနေ ရာလည်း အရမ်းကျဉ်းတယ်၊ ကလေးတွေကျောင်း သွားဖို့ဆိုတာ အရမ်းဝေးတယ်၊ အခုဖြစ်နေတာ အိမ်တစ်နဲ့တစ် အိမ်ထိနေတယ်၊ အိမ်သာဆောက် ဖို့မြေနေ ရာမရှိဘူး၊ ဝန်ကြီးပြောတုန်းက မီးရအောင်ဆောင် ရွက်ပေးမယ်၊ အိမ်ဆောက်ဖို့ လိုအပ် တာတွေပေး မယ်ဆိုပြီး ကျွန်တော်တို့ သွားတောင်းတော့ ဘာမှမရဘူးလို့ပြောတယ်” ဟု နာဂစ်ဒုက္ခသည် ဦးတင်ဝင်းက အခက်အခဲ များအား မီဒီယာများ သို့ပြောသည်။
နာဂစ်မုန်တိုင်းဒုက္ခသည် ဦးတင်ဝင်းမှာ လက်ရှိနေထိုင်ရသည့် အခက်အခဲများနှင့် ပတ်သက်၍ “တချို့ဆို အခုထိ မပြောင်းလာနိုင်ဘူး သူတို့ပြောင်း လာဖို့ ပိုက် ဆံလည်း မရှိဘူး၊ ကျွန်တော် တို့ ဒီမှာ အလုပ်လည်း မရှိဘူး၊ မဲနှိုက်တုန်း ကပြောထားတာနဲ့ အခု တကယ်ပြောင်း လာတော့ ကြုံရာတာ မတူဘူး၊ အခု အိမ် သာဆောက် လို့မရတော့ဖြစ်သလို သွားနေရတယ်၊ အိမ်ကို ပေ ၃၀ ပတ်လည် ပဲရတယ်” ဟုပြောသည်။
လပွတ္တာမြို့မှ နာဂစ်ဒဏ်ခံ ဒုက္ခသည် အိမ်ထောင်စု ၉၉စုကို လပွတ္တာ-မြောင်းမြ ကားလမ်းပေါ်ရှိ ငါးမိုင်ဆိုသည့် နေရာ (လပွတ္တာမှ သွားလျှင်လည်း ငါးမိုင် အကွာ တွင်ရှိ) ပေ ၃၀ ပတ်လည်စီ နေရာပေးထားခြင်းဖြစ်သည်။ ထိုနေရာသို့ ဒုက္ခသည်များသည် ဇန်နဝါရီလမှ စတင်ပြောင်းရွှေ့ လာသော်လည်းနေရာ အဆင်မပြေမှုများ ရှိနေ၍ မိသားစု ၉၉စုတွင် မိသားစု ရှစ်စုသာပြောင်းရွှေ့ လာသေးသည်။
“ကျွန်မ တို့တောင်း ဆိုထားတာ မြို့သစ် မှာပေးဖို့။ အခုနေရာ ကသောက်ရေ အခက် အခဲကော ကလေးတွေ ပညာရေး အတွက် အခက်အခဲ လည်းဖြစ်တယ်၊ အလုပ် လုပ်ဖို့ အတွက်လည်း မလွယ်ဘူး၊ ကျွန်မတို့ ရွာမှာလည်း ခွဲခြားဆက်ဆံ ခံနေရတယ်။ အခုထိလည်းနေ ဖို့မြေနေရာတောင် မရသေးဘူး”ဟု ပိန္နဲတောင်ကျေးရွာနေ ထိုင်ရသည့်ဒေါ်မွှေးက မဇ္ဈိမ ကိုပြောသည်။
လပွတ္တာမြို့ နယ်တွင် နာဂစ်မုန်တိုင်းဒဏ်ခံရသူများ မြေအမြန်ရရှိရေးအတွက် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဇော်ဝင်းက ၂၀၁၃ခုနှစ်က တိုင်းလွှတ်တော် တွင်မေးမြန်း ခဲ့ပြီး လပွတ္တာမြို့နှင့် သုံးမိုင်အကွာ တွင်မြေကွက် ရရှိရေးဆောင် ရွက်ပေး မည်ဟု အစိုးရအဖွဲ့က လွှတ်တော်တွင် ကတိပေးထားခြင်းဖြစ်သည်။ လက်တွေ့တွင်မူ ငါးမိုင်နေရာ တွင်သာနေရာ ချထားပေး ထားသည်။
ထို့ပြင် သုံးမိုင်နေရာတွင် မွေးမြူရေးဇုန် နေရာချပေးနိုင်ကြောင်း၊ ငါးမိုင်အကွာတွင် နေထိုင်လိုသူများအတွက်မူ ပေ ၃၀ပတ်လည် အိမ်ကွက် ၉၉ကွက်ရှိ ပြီးသောက် သုံးရေကန်များ၊ ကလေးများ ပညာရေးအတွက် ကျောင်းဆောက်လုပ်ပေးခြင်း၊ လိုအပ်သည့် အိမ်ဆောက်ပစ္စည်း ပံ့ပိုးပေးခြင်းများဆောင် ရွက်ပေး မည်ဟု ဝန်ကြီး ဦးဝင်းကိုကိုက ပြောထားခြင်း ဖြစ်သည်။
၂၀၀၈ မေလ ၂ရက်နေ့ တွင်တိုက်ခိုက်သော နာဂစ်မုန်တိုင်းကြောင်း လပွတ္တာမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်၁၃ ရပ်ကွက်၊ ကျေးရွာ ၁၇၇ရွာ ထိခိုက်ခဲ့ပြီး အိမ်ခြေ ၅၀,၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့သည်၊ ၂၀၀၈ခုနှစ် မေလတွင် တိုက်ခတ်သည့် နာဂစ်မုန်တိုင်းကြောင့် ပြန်စရာ နေရာမရှိသည့် ဒုက္ခသည်များ ကိုကျေး ရွာ ၁၃ရွာရှိ လယ်မြေများ၊ ယာမြေများ နှင့် ဥယျာဉ်ခြံမြေများတွင် နေရာချထားပေးခဲ့သည်။

 http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/43355-2015-04-21-13-53-41

No comments:

Post a Comment