CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, April 15, 2015
သက်ကြီးပူဇော်ပွဲနှင့် ယဉ်ကျေးလိမ္မာ ဆုနှင်းပွဲ ကျင်းပ
မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလတွင် ရိုးရာ အစဉ်အလာအတိုင်း သက်ကြီးဘိုးဘွားတို့အား ပူဇော်ကန်တော့ကြရန်နှင့် မိမိတို့ ရင်သွေးငယ်များကို ဂါရဝ နိဝါတ တရားများကို သင်ယူနားလည်ကြစေရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် သက်ကြီးပူဇော်ပွဲ နှင့် ယဉ်ကျေးလိမ္မာ သင်တန်း ဆုနှင်းသဘင်ပွဲကို ဧပြီ ၁၁ ရက်၊ စနေနေ့က ကျင်းပခဲ့ကြောင်း သိရသည်။ ယဉ်ကျေးလိမ္မာ သင်တန်းဆင်း ကလေးငယ်များကို ဓမ္မပါလဆရာတော်နှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။ယဉ်ကျေးလိမ္မာ သင်တန်းဆင်း ကလေးငယ်များကို ဓမ္မပါလဆရာတော်နှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။ယဉ်ကျေးလိမ္မာ သင်တန်းဆင်း ကလေးငယ်များကို ဓမ္မပါလဆရာတော်နှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။နံနက် ၁၀ နာရီခွဲတွင် ကျောင်းထိုင်ဆရာတော် ဦးကိတ္ထိနှင့် သံဃာတော်များအား စုပေါင်း ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ကျောင်းထိုင်ဆရာတော်ထံမှ သြဝါဒတရားခံယူကာ အသက် ၆၀ အထက်ရှိ ဘိုးဘွားများအား ဝတ္ထုပစ္စည်းများ လှူဒါန်းကန်တော့ခဲ့ကြသည်။ ထို့နောက် ၄ လကြာ ဖွင့်လှစ်ခဲ့သည့် မြန်မာစာပေနှင့် ယဉ်ကျေးလိမ္မာ သင်တန်းသူ၊ သင်တန်းသား ကလေးငယ်များကို ဆုနှင်းသဘင် ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ဧပြီလ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ သင်္ကြန် အထူးတရားစခန်းကို အယ်ရီဇိုးနားပြည်နယ် တူစွန်မြို့ ဗေးလ်တောင်တန်း ‘အယ်ရီဇိုးနား ဗန်းမော်-မြေဇင်း ဓမ္မရိပ်သာ ဆရာတော်’အရှင် စန္ဒိမာက ချီးမြှင့်တော်လျက် ရှိကြောင်း သိရှိရသည်။
http://kabarthit.com/index.php?option=com_content&view=article&id=624:2015-04-14-20-22-28&catid=8:2013-10-13-17-09-02&Itemid=214
သက်ကြီးပူဇော်ပွဲနှင့် ယဉ်ကျေးလိမ္မာ ဆုနှင်းပွဲ ကျင်းပ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment