Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 25, 2015

လေဘာတီရုပ်တုအနီး ဗုံးလန့်မှုဖြစ်၍ ကမ္ဘာလှည့် ခရီးသည်ရာပေါင်း များစွာ ကိုရွှေ့ပြောင်းပေးရ

Written by  နယူးယောက်

အမေရိကန်နိုင်ငံ နယူးယောက် ရှိလေဘာတီရုပ်တု အနီးတွင် ဗုံးလန့်မှုဖြစ်ကာ သံသယဖြစ်ဖွယ် အထုတ်ကိုတွေ့ရှိသဖြင့် တင်ကြိုကာကွယ်သည့် အနေဖြင့် ယင်းလေဘာတီကျွန်းသို့ လာရောက်လည်ပတ်လျက်ရှိသည့် ကမ္ဘာလှည့်ခရီးသည် ရာပေါင်းများစွာကို နေရာပြောင်းရွှေ့ပေးခဲ့ရသည်။
 82556051 82555761
”ရုပ်တု ကိုဖောက်ခွဲ ပစ်မယ်”ဟုသောခြိမ်းခြောက်ပြောဆိုမှုကို အရေးပေါ်ဖုန်လိုင်း ၉၁၁ ကလက်ခံ ရရှိခဲ့ကြောင်း အမျိုးသား ဥယျာဉ်ဌာန ကပြောသည်။
ယင်းလေ ဘာတီရုပ်တုနေရာသို့ ရဲနှင့် အနံခွေး များရောက် လာခဲ့ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ကာ ယင်းပတ်ဝန်းကျင် ရှင်းလင်းခဲ့ရသည်။
အဆိုပါ ပတ်ဝန်းကျင်ကို ရှင်းလင်းပြီးနောက် နေ့လည်နှောင်းပိုင်းတွင် အားလုံးလုံခြုံရပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
သံသယဖြစ်ဖွယ် အထုတ် တစ်ထုတ် ကိုတွေ့ထားကြောင်းနေ့လည် ၁ နာရီခန့်က ဖုန်းဆက် အကြောင်းကြား လာကြောင်းလည်း မြို့မီးသတ်ဌာန ကပြောသည်။
ဗုံးလန့်မှုကြောင့် လေဘာတီကျွန်းသို့ လာရောက်သည့် ကူးတို့ယာဉ်များကိုလည်း ရပ်တန့်ခိုင်းခဲ့သည်။ ရှင်းလင်းမှုများပြီးနောက် မှပြန်လည် ဝင်ရောက် ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။
”အန္တရာယ်တစ်စုံတစ်ရာ မပေါ်ပေါက်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မတို့ ရဟတ်ယာဉ်တွေ ကင်းလှည့်ပျံသန်းနေတာကိုတွေ့နေရတယ်။ တစ်ခုခုတော့ဖြစ်နေ သလား ပါပဲ။”ဟု ဧည့်သည် အမျိုးသမီးတစ်ဦး ကပြောသည်။
လေဘာတီရုပ်တုသည် ပြင်သစ်နိုင်ငံက နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးအရ ၁၈၈၆ ခုနှစ်အတွင်း အမေရိကန်သို့ လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
Ref: BBC
 http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/43608-2015-04-25-10-35-21

No comments:

Post a Comment