Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 23, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြို့နယ်ရွေးကောက်ပွဲ များအတွက် စစ်ဘက်တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားရန် စီစဉ်



Bangladeshi army soldiers patrol on a street during election, in Dhaka, Bangladesh,



ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင်သည် ကျင်းပ ပြုလုပ်မည့် မြို့နယ် ရွေးကောက်ပွဲ ကာလအတွင်း ဆိုးရွားသည့် ဖြစ်ရပ်များ မဖြစ်ပွား စေရန်နှင့် ကာကွယ် တားဆီးရန် အတွက် ဧပြီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဒါကာနှင့် စစ်တကောင်း မြို့နယ် ရွေးကောက်ပွဲ များ၌ စစ်ဘက် တပ်ဖွဲ့ဝင် များကို တပ်ဖြန့်ချထား သွားရေး ဆုံးဖြတ်ချက် ချမှတ် ခဲ့သည်ဟု ဧပြီလ ၂၂ ရက်နေ့ Xinhua သတင်းတစ်ရပ် အရ သိရသည်။

ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် Mohammad Shahnewaz က ဧပြီလ ၂၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဘက် တပ်ဖွဲ့ဝင်များ တပ်ဖြန့် ချထားမည့် ကိစ္စရပ်နှင့် ပတ်သက်၍ လာမည့် တစ်ရက်၊ နှစ်ရက်အတွင်း ဆုံးဖြတ်ချက် ချမှတ် သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Kazi Rakibuddin Ahmad က ဧပြီလ ၁၉ ရက်နေ့တွင် သတင်းထောက် များကို ပြောကြား ခဲ့သည်။ ဧပြီလ ၂၈ ရက်နေ့၌ ဒါကာမြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် မြို့နယ် ရွေးကောက်ပွဲ များကို ကျင်းပ ပြုလုပ်ရန် သတ်မှတ်ထားပြီး စစ်တကောင်း မြို့နယ် ရွေးကောက်ပွဲ ကိုလည်း ဧပြီလ ၂၈ ရက်နေ့၌ပင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ အရ မြို့တော် အုပ်ချုပ်ရေး အဖွဲ့ရွေးကောက်ပွဲ များကို ဘက်လိုက်မှု မရှိဘဲ ကျင်းပရမည်
 ဖြစ်သော်လည်း နိုင်ငံရေးပါတီ များက အောက်ခြေ အဆင့် ဒေသန္တရ ရွေးကောက်ပွဲ များတွင် ၄င်းတို့၏ လူကြိုက်များ မှုကို စစ်ဆေးရန် ကိုယ်စားလှယ် လောင်းများအား သွယ်ဝိုက်၍ အဆိုပြု နိုင်ကြောင်း သိရှိရသည်။

#PyiChitThar

No comments:

Post a Comment