လူ့လောကကြီးထဲမှာ ဖြတ်သန်းကျင်လည်ရင်းနဲ့ စိတ်ပျော်ရွှင်စရာတွေ၊ စိတ်ဝမ်းနည်းစ ရာတွေ အမျိုးမျိုးသော အမှုကိစ္စတွေနဲ့ ကြုံတွေ့ဖြတ်သန်းခဲ့ဖူးပါပြီ။ ပျော်ရွှင်စရာတွေ၊ စိတ်ချမ်းမြေ့စရာတွေဆိုရင် နေသာပေမယ့် စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ဝမ်းနည်းပူ ဆွေးစရာတွေနဲ့ ကြုံတွေ့လာရရင်တော့ ဘယ်လိုမှ နေသာဖြေသာနိုင်မှာ မဟုတ်ပါဘူး။
အမျိုးမျိုးသော သောင်းပြောင်ထွေလီစိတ်ရှုပ်စရာ ဝမ်းနည်းစရာတွေကြားကပဲ ဘဝတ ဆစ်ချိုး အချိုးကွေ့တွေကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း ခရီးပေါက်ခဲ့ကြမှာပေါ့။ ဖြေသာစရာရှိ တာတွေဖြေသာမယ်။ မျိုသိပ်စရာတွေ စိတ်ထဲမှာအပြီးမျိုသိပ်ထားကြမယ်။ ဖွင့်ဟစရာ ရှိတာတွေလည်း ဖွင့်ဟကြတလှည့်နဲ့ နေသာအောင်နေကြရတာ လူ့လောကြီးပဲမဟုတ် ပါလား။
ဒီလိုမျိုး ဖြတ်သန်းလာတဲ့ ခရီးလမ်းတလျှောက်က ဝမ်းနည်းပူဆွေးမှု၊ နာကျင်မှု၊ စိတ် မချမ်းသာမှုတွေကို ဒီနေ့ ဒီအချိန်မှာ ပခုံးပေါ်ကနေချလိုက်ဖို့ သင့်နေပါပြီ။ ဂျပန်စကား အခေါ်အရတော့ “rui-katsu” လို့ ခေါ်ပြီး ဘာသာပြန်လိုက်ရင် မျက်ရည်များကို ရှာ ဖွေခြင်းလို့အဓိပ္ပါယ်ရပါတယ်။
ဒါကဘာလည်းဆိုတော့ ဝမ်းနည်း ပူဆွေးသောက ရောက်နေတဲ့သူတွေစုပြီး ဝမ်းနည်းစရာဇာတ်လမ်း၊ပုံပြင် ရုပ်ရှင်တွေထိုင်အတူတကွ ထိုင်ကြည့်ကာ ငိုယိုမှုများနဲ့ စိတ်ဖွင့်ဖြေဖျောက်ကြတာပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ နာရိုဂ မြို့တော် အက်ဆုတ အဆောင်ခန်းမတစ်ခုမှာ ယင်းသို့ဝမ်းနည်းစ ရာရုပ်ရှင်တွေကိုကြည့်ရင်း စိတ်ဖွင့်ပေးနိုင်မယ့် ရုပ်ရှင်ပြ အခန်းငယ်တွေကို ဖွဲ့စည်းပေးထားပါတယ်။
ပြီးခဲ့တဲ့ အတိတ်အချိန် ၂၀၁၁ ခုနှစ်က ဂျပန်တစ်နိုင်ငံလုံးကို မျက်ရည်မိုးတွေရွာ သွားစေခဲ့တဲ့ ဆူနာမီ ငလျင်ဒဏ်အကြားမှာ သေကျေပျက်စီးခဲ့တဲ့ သူတွေရဲ့မှတ်တမ်း ဓာတ်ပုံတွေ၊ အဖြစ်အပျက်တွေကို ဝမ်းနည်းစရာအစီအစဉ်တစ်ခု အဖြစ်ရိုက်ကူးပြီး ဖွင့် ပြတာမျိုးတွေကိုပြသတာဖြစ်ပါတယ်။
တစ်ပွဲမှာ အချိန်အပိုင်းအခြားနဲ့ လူဦးရေကန့်သတ်ပြီး ရုပ်ရှင်ကြည့်နေစဉ်မှာလည်းစိတ် လွတ်ကိုယ်လွတ် ငိုကြွေးစိတ်ဖွင့်တတ်ကြတာပဲဖြစ်ပါတယ်။ ဒီလို အစီအစဉ်ကိုကြည့် ရှုရင်း စိတ်ဖြေမယ့် သူတစ်ယောက်ရဲ့ပြောကြားချက်မှာက ဒါက သိပ်ကို အကျိုးရှိပြီး ပေါ့ပါးသွားတယ်။
စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ လျှော့ကျသွားတဲ့ အတွက်နေလို့ ကောင်းသွားတယ်။ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာမှာပါ များစွာအကျိုးဖြစ်ထွန်း တယ်လို့ ခံစားမှုအတွေ့အကြုံကို ရင်ဖွင့်သွားခဲ့ပါတယ်။
ဖိုးသူတော်
No comments:
Post a Comment