Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 22, 2015

လုမိုက် ငှားရမ်းနိုင်တဲ့ ၀န်ဆောင်မှုနဲ့ တရုတ်နိုင်ငံထုတ် Android App

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အသစ်ထွက်ရှိလာတဲ့ App တစ်ခုဟာ သုံးစွဲသူတွေကို မိမိ မကျေနပ်တဲ့လူကို လူမိုက်ငှားပြီး ရိုက်နှက် စေခိုင်းနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာတယ်လို့ သိရပါတယ်။

နယူးယော့ခ် နေ့စဉ်သတင်းဌာနရဲ့ ဖော်ပြချက်အရ Didi Da Ren လို့ခေါ်တဲ့ အွန်လိုင်းဝန်ဆောင်မှု ဟာ အစပိုင်းမှာတော့ အွန်လိုင်းပေါ်က ဟာသတစ်ခုအဖြစ် လူသိများခဲ့ပေမယ့်လည်း Changsha Zhang Kong ဆိုတဲ့ နည်းပညာကုမ္မဏီက ထို app ကိုထုတ်လုပ်ပြီးတဲ့ အခါမှာတော့ ဟာသ တစ်ခုထက် ပိုလာခဲ့ပါတယ်။

တရုတ် သတင်းစာတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ Didi Da Ren ဆိုတဲ့ ထိုအွန်လိုင်း ၀န်ဆောင်မှု App ဟာ ကြေးစား လူမိုက်တွေရဲ့ ဈေးကွက်ကို ထုတ်ဖော် ပေးနေတယ်လို့ သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ မိမိ သုံးစွဲလိုတဲ့ ပိုက်ဆံ ပမာဏအရ သင့်တော်မယ့် လူမိုက်တွေကို ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ နည်းပြများ ၊ စစ်သားဟောင်းများ ၊ ဂိုဏ်းစတားများ ပါဝင်ပြီး အလုပ်တစ်ခုအတွက် ဒေါ်လာ ၃၀ ကနေ ဒေါ်လာ ၈၀ အထိ ကျသင့်တယ်လို့ သိရပါတယ်။

သုံးစွဲသူတွေအနေနဲ့ မိမိ ရိုက်နှက်စေလိုသူရဲ့ ဓါတ်ပုံကို ထို app ကတစ်ဆင့် ပေးပို့ရသလို အလုပ်ပြီးသွားတဲ့ အခါမှာလည်း ကျသင့်ငွေကို ထို app ကနေတစ်ဆင့်ပဲ ပေးပို့ရတယ်လို့ သိရပါတယ်။ ထို app ကို အစပိုင်းက Android App စတိုးမှာ ရရှိနိုင်ပေမယ့် ပြီးခဲ့တဲ့ အပတ်ကပဲ ဖြုတ်ချခဲ့ပြီး အခြား တတိယပါတီ App စတိုး တွေမှာပဲ ရရှိနိုင်တယ်လို့ သိရပါတယ်။ ထို app ကို လက်ရှိမှာ Download ပြုလုပ်ခဲ့တာ အကြိမ် ၄ သောင်းခန့် ရှိနေပါပြီ။

trend myanmar

No comments:

Post a Comment