Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 22, 2015

Al Qaeda ခေါင်းဆောင်ကို ထောင်နှစ် ၂၀ ချမှတ်

Younis al-Mauritani ဟာ သြစတြေးလျ၊ အမေရိကန်နဲ့ ဥရောပကို တိုက်ခိုက်ဖို့ စီစဉ်တဲ့ Al Qaeda ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ (Credit: Reuters) 
 Al ​Qaeda ​အဖွဲ့ရဲ့ ​ထိပ်ပိုင်းက ​ခေါင်းဆောင် ​တစ်ဦးဖြစ်သူကို ​Mauritania ​နိုင်ငံက ​ထောင်ဒဏ် ​နှစ် ​၂၀ ​ချမှတ်လိုက်ပါတယ်။

Younis ​al-Mauritani ​ဆိုတဲ့ ​ခေါင်းဆောင်ဟာ ​သြစတြေးလျနိုင်ငံ၊ ​အမေရိကန်နဲ့ ​ဥရောပ ​နိုင်ငံတွေမှာ ​အကြမ်းဖက် ​တိုက်ခိုက်မှုတွေလုပ်ဖို့ ​စီစဉ်နေသူ ​ဖြစ်တယ်လို့ ​သိရပါတယ်။

သူ့ကို ​ပါကစ္စတန်နိုင်ငံ ​အနောက်တောင်ပိုင်းက ​Quetta ​မြို့မှာ ​၂၀၁၁ ​ခုနှစ်က ​ဖမ်းမိခဲ့တာ ​ဖြစ်ပြီး ​ဂျီဟတ်ဒစ် ​အရာရှိ ​နှစ်ယောက်နဲ့အတူ ​ဖမ်းမိခဲ့တာပါ။

အမေရိကန်နဲ့ ​ပါကစ္စတန် ​ထောက်လှမ်းရေးတပ်တွေရဲ့ ​ပူးပေါင်းမှုကြောင့် ​အဲဒီ ​အကြမ်းဖက် ​ခေါင်းဆောင်တွေကို ​ဖမ်းမိခဲ့တာလည်း ​ဖြစ်ပါတယ်။

၂၀၁၃ ​ခုနှစ်မှာ ​သူ့ကို ​Mauritania ​နိုင်ငံဆီ ​ပြန်ပို့ပြီး ​တရားစီရင်ခဲ့ရာကတနင်္လာနေ့တုန်းကပဲ ​ထောင်ဒဏ် ​နှစ် ​၂၀ ​ချမှတ်လိုက်တာ ​ဖြစ်ပါတယ်။

Younis ​al-Mauritani ​ကို ​Al ​Qaeda ​ခေါင်းဆောင်ဟောင်း ​အိုဆာမာ ​ဘင်လာဒင်က ​အမေရိကန်၊ ​သြစတြေးလျနဲ့ ​ဥရောပ ​နိုင်ငံက ​စီးပွားရေးတွေကို ​ပစ်မှတ်ထား ​တိုက်ခိုက်မှု ​လုပ်ဖို့ ​ညွန်ကြားခဲ့တယ်လို့လည်း ​ဆိုပါတယ်။

အမေရိကန်နိုင်ငံနဲ့ ​ဆက်စပ်မှု ​ရှိတဲ့ ​ရေနံနဲ့ ​သဘာဝ ​ဓာတ်ငွေ့ ​ပိုက်လိုင်းတွေကို ​ဖျက်ဆီးဖို့၊ ​ရေအားလျှပ်စစ်ပေးတဲ့ ​ရေလှောင်ကန်တွေကို ​ဖျက်ဆီးဖို့နဲ့ ​ရေနံတွေ ​သယ်ဆောင်လာတဲ့ ​သင်္ဘောတွေကို ​တိုက်ခိုက်ဖို့ ​စီစဉ်ခဲ့တာလို့ ​ပြောပါတယ်။

Mauritania ​နိုင်ငံဟာ ​အာဖရိကတိုက် ​အနောက်မြောက်ပိုင်းမှာ ​တည်ရှိပြီး ​အိမ်နီးချင်းနိုင်ငံတွေကတော့ ​ဂီနီနိုင်ငံ၊ ​အယ်လ်ဂျီးရီးယားနိုင်ငံ၊ ​မာလီ ​နိုင်ငံ ​စသည်တို့ ​ဖြစ်ကြပါတယ်။

လူဦးရေ ​၄ ​သန်းတောင် ​မရှိတဲ့ ​နိုင်ငံငယ်လည်း ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment