12-3-2012 ရက်နေ့က
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ ထုတ်လွှင့်သွားတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ပါ ။
************************** ********************
မြန်မာနိုင်ငံရဲ့ ပြု့ပြင်ပြောင်းလဲရမယ့် အချက်အလက်တွေ ၊ လိုအပ်ချက်တွေကို 14 မိနစ်ဆိုတဲ့ အချိန်ကလေးအတွင်းမှာ လူကြီးလူကောင်းဆန်စွာနဲ့ပြောကြားသွားတာဟာ
တစ်ကယ်ပဲထိထိမိမိနဲ့ ပြည့်စုံလွန်းလှပါတယ်ဗျာ ။
ကျွန်တော်တို့ နိုင်ငံက လက်ရှိ အုပ်ချုပ်သူ လူကြီးမင်းများဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပြောကြားတဲ့ပုံစံ တေ၊ွ စကားပြောဆိုတဲ့ပုံစံတွေကိုအ တုယူသင့်ပါတယ်ဆိုတဲ့အကြောင်း •••••••
************************** ************************
******* ယခုလို ကျမရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောတရားတွေကို ဧပြီလတစ်ရက်နေ့မှာကျင်းပမယ့်  ကြားဖြတ်ရွေးကောက်ပွဲမတိုင် မီတင်ပြခြင်းဟာ ပြည်သူတွေရဲ့ အခွင့်အရေးတစ်ရပ်ကို အသိအမှတ်ပြု့ လိုက်ခြင်းဖြစ်ပါတယ် ။မဲဆန္ဒရှင်များသာမက နိုင်ငံသူ နိုင်ငံသားအားလုံးအနေနဲ့ မိမိတို့ကို ကိုယ်စားပြု့လိုကြတဲ့ ပါတီအဖွဲ့အစည်းပုဂ္ဂိုလ်တွေကိုလေ့လာသုံးသပ်ပြီးဘယ်အဖွဲ့ အစည်း ဘယ်ပုဂ္ဂိုလ်ကို ထောက်ခံရွေးချယ်မယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ် ။ဒီမိုကရေစီအခြေခံမူအရ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမှာဖြစ်တဲ့ ကျမတို့ပါတီရဲ့ နိုင်ငံနဲ့ပြည်သူတွေအတွက်ထားတဲ့ ရည်မှန်းချက်တွေကို အနှစ် နှစ်ဆယ်ကျော်ကိုင်စွဲခဲ့တဲ့ မူတွေနဲ့ တွဲပြီးရှင်းပြချင်ပါတယ် ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်အနေနဲ့ ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ်ကတော့ တရားဥပဒေစိုးမိုးရေး ၊ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆ င်ရေးတို့ဖြစ်ပါတယ် ။တရားစီရင်ရေးစနစ်ကို အစိုးရယန္တရား အောက်သွတ်သွင်းခဲ့ပြီးမီဒီယာတွေကို အစိုးရပိုင်အဖြစ်ပြောင်းကာ ချုပ်ကိုင်လာခြင်း ၊ တင်းကြပ်တဲ့ မီဒီယာနဲ့ ဆင်ဆာစည်းကမ်းဥပဒေတွေကိုပြဌာန်းပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာပြောပိုင်ခွင့် ၊ ရေးပိုင်ခွင် ၊ ကြားပိုင်ခွင့် ၊ ဆန္ဒဖော်ထုတ်ပိုင်ခွင့်တွေကို ရုပ်သိမ်းပစ်ခဲ့ခြင်း စတဲ့နည်းလမ်းစုံနဲ့ တရားဥပဒေစိုးမိုးကိုချေဖျက် ပစ်ခဲ့တာ ပြည်သူလူထုဘဝမှာ အကြောက်တရားကသာ လွှမ်းမိုးခဲ့ပါတော့တယ် ။ပြည်သူလူထုဘဝ အကြောက်တရားကလွတ်မြောက်ပြီး လူ့အခွင့်အရေးမရသေးတဲ့အထိတော့ ဒီမိုကရေစီစနစ်ထွန်းကား ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး ။ဥပဒေစိုးမိုးမှု့ရှိမှသာ ပြည်သူတွေဟာ ဥပဒေရဲ့ အကာအကွယ်ကိုအမှန်တကယ်ရနိုင် ပြီး လွတ်လပ်မှု့ရဲ့ အရသာကိုအမှန်တကယ် ခံစားနိုင်ကြမှာဖြစ်ပါတယ် ။ ဥပဒေစိုးမိုးရေးရှိခြင်းသည် သာမာန်လူများ နိုင်ငံတော်ဝန်ထမ်းများနဲ့ နိုင်ငံရေးသမားအားလုံးတို့ မိမိတို့ရသင့်ရထိုက်တဲ့ အကာအကွယ် အစောင့်အရှောက်ပေးမှာဖြစ်ပါ တယ် ။အာဏာရှိတဲ့ ပုဂ္ဂိုလ် ၊ အဖွဲ့အစည်း ၊ အကြီးအကဲတွေက တစ်ချက်လွှတ်အမိန့်နဲ့ ဘယ်သူ့ကိုမှ အရေးယူအနိုင်ကျင့်နိုင်မှာ မဟုတ်ပါ ။ဒါမှ ဒီမိုကရေစီလည်း ခိုင်မာထွန်းကားတယ်လို့ ဆိုနိုင်ပါမယ် ။ဥပဒေစိုးမိုးရေးအတွက် ကျမတို့ ဘယ်လို လုပ်ကြမလဲ ။ပြည်သူတွေကိုဖိနှိပ်ထားတဲ့ ခေတ်နဲ့မလျော်ညီတော့တဲ့ ဥပဒေအချို့ ကို မဆိုင်းမတွ ဖျက်သိမ်းပစ်ကြရပါမယ် ။ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကိုပြဌာန်းရွေးချယ်ြ ကရပါမယ် ။တရားစီရင်ရေးစနစ်ကို လွတ်လပ်အောင် ထားပြီး သမာသမတ်ဖြစ်အောင်ပြု့ပြင်ရပါမယ် ။စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အဝ ပေးရပါမယ် ။ပြည်သူလူထုကို ကူညီပေးမယ့် ဥပဒေအထောက်အကူပြု့ ကွန်ယက်တွေတိုးချဲ့ရပါမယ် ။တရားစီရင်ရေး မဏ္ဌိုင်ဟာ ဒီမိုကရေစီသဘောထားနဲ့ကိုက်ညီတဲ့ ဥပဒေပြု့ မဏ္ဌိုင်၊ အုပ်ချုပ်ရေးမဏ္ဌိုင်တို့နှင့် လွတ်လပ်စွာ ရပ်တည်နေစေရပါမယ် ။တရားစီရင်ရေး မဏ္ဌိုင်ဟာ အုပ်ချုပ်ရေး မဏ္ဌိုင်ရဲ့အပေါ်မှာ အမြဲရှိနေရမှာဖြစ်ပြီး ဥပဒေနဲ့ ငြိစွန်းတဲ့ အုပ်ချုပ်သူ လူပုဂ္ဂိုလ် အဖွဲ့အစည်းမှန်သမျှကိုတရားစီရင်ပိုင်ခွင့်ရှိစေရပါမယ် ။ဥပဒေအရ ပြစ်မှု့ထင်ရှားပြီး စီရင်ခြင်းမရှိသေးရင် ဘယ်သူ့ကိုမဆို အပြစ်ကင်းတယ်လို့မှတ်ယူရမှာ ပဲ ဖြစ်ပါတယ် ။လွတ်လပ်ရေးနဲ့ ဖွားဖက်တော်အဖြစ်ပါလာတဲ့ ပြည်တွင်းစစ်ဟာ ကျမတို့နိုင်ငံမှာ ဒီနေ့အထိလောင်မြိုက်နေဆဲဖြစ်ပါတယ် ။1947 ခုနှစ်မှာ အမျိုးသားခေါင်းဆောင်ကြီးများရုတ်တရက်လုပ်ကြံခံရပြီးကတ ည်းကစတင်ခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ် များအကြား သံသယပွားခြင်း ၊နိုင်ငံရေးအယူအဆမတူသူများ အကြားသဘောထားကွဲပြားခြင်း စတာတွေကို စားပွဲဝိုင်းမှာတွေ့ဆုံညှိနှိုင်း ဖြေရှင်းမှု့မပြု့နိုင်ကြသေး ပဲ လက်နက်အားကိုး အင်အားသုံးဖြေရှင်းဖို့ကြိုးစားနေကြခြင်းဟာ ကနေ့အထိပဲဖြစ်ပါတယ် ။ ဒါ့အပြင် ဥပဒေစိုးမိုးမှု့မရှိတာကလည်း ပြည်တွင်းစစ်မီးကို အရှိန်မြှင့်စေခဲ့ပါတယ် ။တိုင်းရင်းသားတွေရဲ့ လုံခြုံမှု့နဲ့ အခွင့်အရေးတွေကို အကာအကွယ်မပေးနိုင်ခဲ့ပဲ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတစ်ခုအဖြစ် စစ်အာဏာရှင်စနစ်ကိုသာပေါ်ပေါ က်စေခဲ့ပါတယ် ။ပြည်တွင်းစစ်မီးတောက်ကို အမြန်းဆုံးငြိမ်းသတ်ပြီး ငြိမ်းချမ်းအောင်လုပ်နိုင်မှသာ နိုင်ငံကိုဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ် ။ပြည်တွင်းစစ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းစေရေးအတွက် အဆင့်သုံးဆင့်ဆောင်ရွက်ပါမယ် ။ပထမအဆင့်အနေနဲ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  အပစ်အခတ်ရပ်စဲရပါမယ် ။ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးအရဆွေးနွေး ပွဲတွေကျင်းပပြီးညှို နှိုင်းအဖြေရှာကြရပါမယ် ။တတိယအဆင့်အနေနဲ့ တိုင်းရင်းသားတွေ လိုလားနေတဲ့အတိုင်း ပင်လုံရဲ့အခြေခံမူဖြစ်တဲ့ တန်းတူ ညီမျှမှု့ ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဌာ န်းခွင့် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် စတာတွေကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံစစ်စစ်တည်ထောင်နိုင်ဖို့ ဘုံဦးတည်ချက်ထားပြီး ကြိုးပမ်းရပါမယ် ။
******* ကျမတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဟာ ခွဲထွက်ရေးကို လုံးဝမလိုလားပဲ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုကြီးကိုလိုလားတယ်လို့ ကျမတစ်ထစ်ချယုံကြည်ပါတယ် ။ 2008 ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းထွက်ခဲ့ပြီး ကတည်းက ဒီဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူတာ ကြေညာခဲ့ပြီး ပြု့ပြင်ရမယ့်အချက်တွေကိုထောက်ပြခဲ့ပါတယ် ။ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးအတွက် ပါတီစွဲ ၊ အဖွဲ့စွဲ ၊ပုဂ္ဂိုလ်စွဲ တွေမထားပဲ နိုင်ငံ့အကျိုးကိုသာရှေ့ရှု့ တဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့တပ်မတော်အင်အားစု အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ညှိညှိ နှိုင်းနှိုင်းလုပ်သွားကြရမှာ ဖြစ်ပါတယ် ။မြန်မာနိုင်ငံရဲ့စစ်တပ်နဲ့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံအသီးသီးရဲ့စစ်တပ်များဟာ နိုင်ငံ့ကာကွယ်ရေးအတွက် အဓိကအင်အားစုဖြစ်တယ်ဆိုတာကို အငြင်းပွားဖို့မရှိပါဘူး ။မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ တွေ့ကြုံ ခဲ့ရတဲ့ဖြစ်စဉ်များအရ လက်ရှိမြန်မာနိုင်ငံကိုဖွံ့ ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ကြရမှာ တပ်မတော်ဟာ မပါမဖြစ်ပါရန်လိုအပ်တယ်လို့ ကျမယုံကြည်ပါတယ် ။ကျမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ နိုင်ငံတော်အကျိုးအတွက်ဆောင်ရွက်ဖို့ အစဉ်အမြဲ အဆင်သင့်ရှိမယ်လို့လည်း ကျမယုံကြည်ပါတယ် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူတို့ကြားမှာ ထားရှိတဲ့ ပဋိညဉ် ဖြစ်တယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့အခါတွေမှာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း ၊ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်ကြရမှာဖြစ်ပါတယ် ။လက်ရှိဖွဲ့စည်းပုံအခြေခံဥပ ဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကိုတွေ့မြင်နေရပါ တယ် ။ထင်ရှားတဲ့ဥပမာတစ်ခုပေးရမယ်ဆိုရင် ပြည်သူတွေကို ပြည်သူကတင်မြှောက်တဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ က အုပ်စိုးခြင်းကသာ ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်ပါတယ် ။ 2008 ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် 25% ပါဝင် နေတာကိုပြည်သူတွေအသိဖြစ်ပါတ ယ် ။ဆိုလိုတာကလက်ရှိလွှတ်တော်အသီးသီးမှာပြည်သူတွေရွေးကောက် ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့ အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ 2008 ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ပုဒ်မများကို ပြည်သူတွေကို အသိပေးပြီးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ 1988 ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီြး ပီးတဲ့နောက် မြန်မာနိုင်ငံမှာစစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ နှစ်ပေါင်း 20 ကျော်အဖိနှိပ်ခံဘဝနဲ့ ကြိုးပမ်းရုန်းကန်ခဲ့ရတာကို ပြည်သူတွေအသိဖြစ်ပါတယ် ။အဖွဲ့ချုပ်ရဲ့ သစ္စာရှိ အဖွဲ့ဝင်တွေအလုပ်ထုတ်ခံရတာ ၊ရှေ့နေတွေလိုင်စင်ရုပ်သိမ်းခံရတာ ၊ ဆရာဝန်တွေလိုင်စင်ရုပ်သိမ်း ခံရတာ ၊ မတရားဖမ်းဆီးခံရပြီး အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ် ခံရတာတွေကြောင့် မိမိတို့လူမှု့ဘဝတွေပျက်စီး ၊ မိသားစုစီးပွားရေးတွေပျက်စီး ခဲ့ရပါတယ် ။ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ မိမိတို့ရဲ့ ယုံကြည်ချက်ကိုဆက်လက် ထိန်းသိမ်းပြီး ပြည်သူတွေအတွက်၊ အဖွဲ့ချုပ်အတွက် ရပ်တည်ခဲ့ကြပါတယ် ။အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှု့ချောမွေ့ပြေပြစ်စြေ ပီး ပြည်သူများအတွက် အကျိုးရှိစေမယ့်ဆက်ဆံ ပေါင်းသင်းမှု့ကိုတိုးမြှင့် ဆောင်ရွက်ခဲ့ပါတယ် ။စီးပွားဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ်ထွန်းကားနေတဲ့ နိုင်ငံများနဲ့သာမကအိမ်နီး ချင်းနိုင်ငံများနဲ့လည်း မိတ်ဝတ်မပျက် ဆက်ဆံရေးကိုထူထောင်နိုင်ခဲ့ ပါတယ် ။မိမိနိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတကာရဲ့ လိုအပ်တဲ့ပံ့ပိုးကူညီမှု့များရရှိနိုင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်သွားမြှာ ဖစ်ပါတယ် ။စီးပွားရေးနဲ့ပတ်သက်လို့ လွတ်လပ်မှု့ ၊ တည်ငြိမ်မှု့နဲ့ လူမှု့ရေးတရားမျှတမှု့တို့ ဟန်ချက်ညီပြီး ဥပဒေစိုးမိုးမှု့ကိုအခြေခံတဲ့ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲဖို့လုပ်ရပါ့မယ် ။ဆင်းရဲနွမ်းပါ့မှု့ပပျောက်ြ ပီးဒေသအလိုက်လူမျိုးများအကြား လူတစ်ဦးချင်းရဲ့ လူနေမှု့အဆင့်အတန်း ၊ လူမှု့ဘဝသိက္ခာ မြင့်မားစေဖို့ မြန်မာနိုင်ငံ အတွင်းမှာနေထိုင်ကြတဲ့ လူမျိုးစုအားလုံး တန်းတူညီမျှအလုပ် လုပ်ကိုင်နှိုင်ခွင့်ရဖို့အတွက် အလုပ်အကိုင်ဖော်ထုတ်ရေး ၊အလုပ်လက်မဲ့ပြသနာဖြေရှင်းေ ရးကို ဦးတည်ဆောင်ရွက်ရပါမယ် ။စီးပွားရေးမှာ နိုင်ငံတော်ရဲ့ ရငွေ သုံးငွေ ဘတ်ဂျက် လိုငွေတွေပြနေတာကို ငွေစက္ကူအသစ်တွေရိုက်ထုတ်ပြီး ဖြေရှင်းတာမျိုး မဟုတ်ပဲ တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းရပါမယ် ။
*******လက်ရှိငွေရေးကြေးရေး စနစ် ဘဏ်စနစ်မှာ အနှောင်အဖွဲ့ အဟန့်အတားဖြစ်နေတဲ့ အချက်တွေကို ဖယ်ရှားရမှာဖြစ်ပါတယ် ။နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ် ငန်းတွေအားလုံးဖွံ့ဖြိုးဖို့  နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ ၊ နိုင်ငံတကာ ဘဏ္ဌာရေးကော်မရှင် ၊ ကမ္ဘာ့ဘဏ်တို့နဲ့ ရင်းရင်းနှီးနှီးပူးပေါင်းေ ဆာင်ရွက်သွားဖို့လိုပါတယ် ။ NLD က ယခုကစပြီး ဒီလိုပူးပေါင်းမှု့များကိုစတ င်လမ်းစဖော်နေပါတယ် ။ပညာရေးပိုင်းမှာလည်း နိုင်ငံသားတိုင်း အရည်အသွေး ပြည့်ဝတဲ့ ပညာသင်ယူခွင့်ရရှိဖို့ မသင်မနေရမူလတန်းပညာရေးကို ကလေးတိုင်း အခမဲ့သင်ယူခွင့်ရရှိဖို့ ၊ အလယ်တန်း အထက်တန်း အဆင့် အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာ ကျောင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာဖွင့်လှစ်နိုင်ဖို့တို့ကို ဆောင်ရွက်ရပါမယ် ။မြန်မာဘာသာစကားအခက်အခဲရှိတဲ့တိုင်းရင်းသားတွေရဲ့ကလေး တွေအတွက် အထောက်အကူဖြစ်စေမယ့်ပညာရေးလုပ်ငန်းအစီအစဉ်တွေကို ထည့်သွင်းရေးဆွဲရပါမယ် ။ပုံမှန်ကျောင်းပညာသင်ယူရန် အခက်အခဲရှိခဲ့တဲ့ အရွယ်ရောက်ပြီးကလေးများ ၊ လူငယ်လူရွယ်များ၊ ကျောင်းပြင်ပပညာရေးအတွက် အထူး အစီအစဉ်များဆောင်ရွက်ပေးရပါ မယ် ။ကျမတို့ပညာရေးအဆင့်အတန်းဟာ နိုင်ငံတကာအဆင့်အတန်းကိုလို က်မီဖို့ အင်မတန်မှအရေးကြီးပါတယ် ။ဒါမှအခုပြောနေကြတဲ့ လူ့စွမ်းအားအရင်းအမြစ်အစစ်အ မှန်တွေပေါ်ထွက်လာမှာပဲဖြစ်ပါတယ် ။ဆရာ ဆရာမတွေ အရည်အချင်းပြည့်ဝဖို့ဟာလည်း အင်မတန်မှအရေးကြီးပါတယ် ။ ဒီ့အတွက်ပြု့ပြင်ဆောင်ရွက်သွားရမှာဖြစ်သလို သူတို့အရည်အချင်းနဲ့ထိုက်တန်တဲ့ လစာ ငွေကြေးရရှိဖို့ကိုလည်းစဉ်း စားပေးရပါမယ် ။ပညာရေးပြု့ပြင်ပြောင်းလဲရာ မှာလည်း လက်ရှိပညာရေးစနစ်မှာတွေ့ကြုံနေကြရတဲ့ အတားအဆီး အဟန့်အတားများကိုဖယ်ရှားပစ် ရမှာဖြစ်ပါတယ် ။ကျန်းမာရေးပိုင်းအနေနဲ့ နိုင်ငံတော်မှာ အရည်အသွေးပြည့် ကျန်းမားရေးစောင့်ရှောက်မှု့ စနစ်ရှိရပါမယ် ။ အများပြည်သူ အထူးသဖြင့် ချို့တဲ့ တဲ့နိုင်ငံသူနိုင်ငံသား တွေအတွက်ကျန်းမာရေးစောင့်ရှောက်မှု့ရဖို့ကျန်းမာရေးအာမခံစီမံကိန်းတွေကိုသီးသန့်အား ဖြင့်ထူထောင်နိုင်ရန် နည်းလမ်းများရှာဖွေဆောင်ရွက်သွားရပါမယ် ။ဆေးပညာသင်ကြားရေးစနစ် ၊ ဆေးပညာရပ်၊ ဆေးကုထုံးနည်း၊ ဆေးဝါးထုတ်လုပ်ရေးနည်းတွေကို ခေတ်မီတိုးတက်လာအောင်လို့ နိုင်ငံတကာကပညာရှင်တွေ ဆေးပညာဆိုင်ရာအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ် ။တောင်သူလယ်သမားများကို ဥပဒေနဲ့အညီ လယ်ယာလုပ်ပိုင်ခွင့်၊လယ်ယာပိုင်ဆိုင်ခွင့်ရဖို့ ဦးစားပေးဆောင်ရွက်သွားမြှာ ဖစ်ပြီးဆန်စပါးအပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်စီးပွားရေးစနစ်နဲ့အ ညီ လွတ်လပ်စွာ စိုက်ပျိုး ကြိတ်ခွဲ ရောင်းဝယ်ခွင့်ရဖို့နဲ့ သင့်တော်တဲ့ဈေးနှုန်းများရဖို့ကိုဦးစားပေးဆောင်ရွက်သွားရပါမယ် ။ကမ္ဘာတစ်ဝှမ်းလယ်ယာထွက်ကုန် ပစ္စည်းဈေးများတက်နေခြင်းကိုသတိပြု့ပြီး အနာဂတ်ကိုရှေးရှု့တဲ့လယ်ယာ ထွက်ကုန်စီးပွားရေးစနစ်ကိုထူထောင်ဖို့လိုပါတယ် ။တောင်သူလယ်သမားများရဲ့နစ်နာဆုံးရှုံးမှု့များကို ရပိုင်ခွင့်များ၊ ပြသနာအရေးကိစ္စရပ်များကို တောင်သူလယ်သမားအကျိုးအတွက်လွတ်လပ်စွာဆောင်ရွက်နိုင်ဖို့  ညီညွတ်တဲ့တောင်သူလယ်သမားအဖွဲ့အစည်းများအား ဖွဲ့စည်းခွင့်ပေးသွားရပါမယ် ။့
******* အလုပ်သမားများရဲ့ရပိုင်ခွင့် များအပြည့်အဝရရှိရေးအတွက် အလုပ်သမားအဖွဲ့အစည်းများဖွဲ့ စည်းနိုင်ရေး အလုပ်သမားအခွင့်အရေးကို ဥပဒေနှင့်အညီ အကာအကွယ် ရရှိနိုင်ရေးတို့ကိုဆောင်ရွ က်သွားရပါမယ် ။အလုပ်သမားတိုင်းတရားမျှတမှု့  ၊ တန်းတူညီမျှမှု့ ၊အခွင့်အရေးရရှိမှု့ ၊လုပ်ပျော်သောအလုပ်ခွင်အခြေ အနေ တူညီသောအလုပ်အတွက် တူညီသောအခကြေးငွေရရှိခွင့်၊ လုပ်ခလစာရရှိခွင့်အလုပ်လက်မဲ့ဖြစ်ခြင်းမှအကာအကွယ်ရရှိခွင့်ရစေရပါမယ် ။အဓမ္မအလုပ်စေခိုင်းခြင်းကို တားဆီးပိတ်ပင်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအ ဖွဲ့ချုပ် ( ILO ) ရဲ့ပြဌာန်းချက်များနဲ့ညီညွတ်စေရန်အတတ်နိုင်ဆုံးဆောင်ရွ က်သွားရပါမယ် ။လူငယ်တွေဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်တို င်းပြည်ရဲ့အဖိုးတန်ဆုံးအင်အားတွေဖြစ်လို့လူငယ်တွေအတွက် ပညာသင်ကြားရေးအဆင့်အတန်းမြင့်စေဖို့၊ ပွင့်လင်းလွယ်ကူစေဖို့နဲ့ပညာအဆင့်အတန်းနဲ့ကိုက်ညီတဲ့လု ပ်ငန်းတွေမှာအလုပ်အကိုင်ရရှိစေဖို့ အားပေးဆောင်ရွက်သွားမှာဖြစ် ပါတယ် ။အလုပ်အကိုင်သစ်များဖန်တီးေ ပးရေးနှင့်လူငယ်တွေရဲ့အလုပ် လက်မဲ့ပြသနာကိုဖြေရှင်းဆောင်ရွက်ပေးရပါမယ် ။နိုင်ငံရဲ့အနာဂတ်ဖြစ်ပြီးလူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေရဲ့စွမ်းရည်တွေကို ဖော်ထုတ်ပြီးနိုင်ငံ့တည်ဆော က်ရေးမှာ ခိုင်မာတဲ့စွမ်းအားစုအဖြစ်အ သုံးပြု့သွားပါမယ် ။
******* ကျောင်းသားများကိုယ်တိုင်ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ကျောင်းသားသမဂ္ဂများကိုလည်းဥပဒေနဲ့အညီခွင့်ပြုသွးရပါမယ် ။နိုင်ငံရဲ့ 50% မက အင်အားဖြစ်တဲ့ အမျိုးသမီးများရဲ့အခွင့်အရေးများကာကွယ်ရေး ၊လူမှု့ရေး စီးပွားရေး နိုင်ငံရေးတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဌကိုတိုးချဲ့ရေးတို့ ကိုလည်းအလေးပေးဆောင်ရွက်ရမှာဖြစ်ပါတယ် ။
*******အခုကျမတင်ပြသွားတဲ့မူဝါဒသဘောတရားတွေ အများအပြားကိုကျမရဲ့စည်းရုံးရေးခရီးလမ်းစဉ်တွေတစ်လျှော က်မှာပြောပြီးဖြစ်ပါတယ် ။ဒါတွေဟာနားထောင်လို့တော့ကောင်းပါရဲ့၊ တစ်ကယ်ပဲအကောင်အထည်ဖော်နိုင်ပါ့မလားလို့ ပြည်သူများကတွေးနေကြမယ်ထင်ပါတယ် ။လွယ်လွယ်နဲ့တော့ကျမတို့လို လားတောင့်တနေတဲ့ပြည်ထောင်စု ကြီး ထူထောင်ဖို့မဖြစ်နိုင်ပါဘူး ။ကျမတို့အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒ ၊ဝီရိယ၊ စိတ္တ၊ ပညာ ဆိုတဲ့ အောင်မြင်ခြင်းတရားလေးပါးကို ဆုပ်ကိုင်ပြီး ကြိုးစားသွားကြရင်တော့ဖြစ်နိုင်မယ်လို့ ကျမယုံကြည်ပါတယ် ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာခက်ခဲတဲ့ အလုပ်တာဝန်တွေကို ဇွဲ ၊လုံ့လနဲ့လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ဆယ်စုနှစ်နဲ့ချီပြီးရှိလာခဲ့ ပါတယ် ။နိုင်ငံ့အတွက်နောက်တစ်ဆင့် တိုးပြီး ခက်ခဲတဲ့အလုပ်တွေ အောင်မြင်စွာထမ်းဆောင်ပေးနိုင်ဖို့ တာဝန် ပေးတဲ့အနေနဲ့ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များကို ထောက်ခံရွေးချယ်ကြဖို့ မေတ္တာရပ်ခံပါတယ် ။ကျမတို့ရဲ့တံဆိပ်ကတော့ အနီရောင်အောက်ခံပေါ်မှာ ရွှေရောင်ခွပ်ဒေါင်းနဲ့ ဝဲဖက် ထိပ်စွန်းနားမှာ ထောင့်ငါးထောင့်ရှိတဲ့ကြယ်ြ ဖူကြီးပါပဲ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့စာတန်းလည်းပါပါတယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေမဲပေးကြပါ ။ ကျေးဇူးတင်ပါတယ် ။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ ထုတ်လွှင့်သွားတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ပါ ။
**************************
မြန်မာနိုင်ငံရဲ့ ပြု့ပြင်ပြောင်းလဲရမယ့် အချက်အလက်တွေ ၊ လိုအပ်ချက်တွေကို 14 မိနစ်ဆိုတဲ့ အချိန်ကလေးအတွင်းမှာ လူကြီးလူကောင်းဆန်စွာနဲ့ပြေ
တစ်ကယ်ပဲထိထိမိမိနဲ့ ပြည့်စုံလွန်းလှပါတယ်ဗျာ ။
ကျွန်တော်တို့ နိုင်ငံက လက်ရှိ အုပ်ချုပ်သူ လူကြီးမင်းများဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပြောကြားတဲ့ပုံစံ
**************************
******* ယခုလို ကျမရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
******* ကျမတို့တိုင်းရင်းသားညီအစ်က
*******လက်ရှိငွေရေးကြေးရေး
******* အလုပ်သမားများရဲ့ရပိုင်ခွင်
******* ကျောင်းသားများကိုယ်တိုင်ဖဲ
*******အခုကျမတင်ပြသွားတဲ့မ
No comments:
Post a Comment