Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 15, 2015

သေပျောက်သူမိသားစုများ ကို လျော်ကြေးပေးဖို့ RWU တိုက်တွန်း

အောင်တံခွန် အမှတ်(၃) ခရီးသည်တင်ရေယာဉ်ဟာ မတ်လ ၁၃ ရက်နေ့ညက နစ်မြုပ်ခဲ့ရာမှာ ကယ်ဆယ်ရေး ဆောင် ရွက်နေကြစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် နောင်တော်မြစ်အတွင်း အစိုးရပိုင်ရေယာဉ် နစ်မြုပ်ရာမှာ ပါသွားခဲ့တဲ့ ပျောက်ဆုံးသူ၊ သေဆုံးသူ မိသားစုတွေကို အစိုးရကလျော်ကြေးပေးဖို့ ရခိုင်အမျိုး သမီးများအစည်းအရုံး (RWU) တောင်းဆိုလိုက်ပါတယ်။

အောင်တံခွန် အမှတ်(၃) ခရီးသည်တင်ရေယာဉ်နစ်မြုပ် တဲ့ကိစ္စနဲ့ပတ်သက်ပြီး အစိုးရမှာတာဝန်ရှိတာကြောင့် အခုလို  တောင်းဆိုတာလို့ ရခိုင်အမျိုးသမီးများအစည်း အရုံး(RWU)ရဲ့ ဥက္ကဌ ဒေါ်စောမြရာဇာလင်း က ပြော ပါတယ်။

"ရခိုင်ပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်း ကို နောင်တော်ဆိုတဲ့မြစ်ကိုဖြတ်ပြီးတော့မှ ကျမတို့ သွားရတယ်၊ နောင်တော်မြစ်ဟာ အင်မတန်မှ လှိုင်းကြီး၊ လေထန် တဲ့ ရခိုင်တပြည်လုံးမှာ အင်မတန်မှကြောက်စရာကောင်းတဲ့နေရာလဲဖြစ်တယ်၊ အဲ့နေရာတွေကို အောင်တံခွန် ၃ လို သင်္ဘော အပါက်အပြဲတွေ သုံးခွင့်ပေး ထားတာကိုက အင်မတန်မှ အန္တရာယ်ကြီးတယ်၊ အဲ့ဒါ အစိုးရမှာလဲလုံးဝ တာဝန်ရှိတယ်၊ ရေကြောင်းတာဝန်ရှိတဲ့သူမှာလဲ အပြည့်အဝတာဝန်ရှိတယ်လို့ ဒီထုတ်ပြန်ချက်ကို ကျမတို့ အနေနဲ့ ထုတ်ပြန်ရတာဖြစ်ပါတယ်"

အဲ့ဒီ အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဟောင်းနွမ်းယိုယွင်းပျက်စီးနေတဲ့ သင်္ဘောတွေ အားလုံးကို ရခိုင်ပြည်နယ်ကနေ အမြန်ဆုံးရုတ်သိမ်းပေးဖို့၊ နောင်မှာ ခရီးသည်တွေ ဘေးကင်းလုံခြုံစွာသွားလာနိုင်ရေးအတွက် အာမခံချက် ရှိတဲ့ ရေယာဉ်တွေကို ဝယ်ယူတင်သွင်းပေးဖို့နဲ့ အသက်ကယ်အင်္ကျီတွေကို လုံလုံလောက်လောက် ထားရှိပေး ဖို့၊ ပျောက်ဆုံးသူ သေဆုံးသူတွေရဲ့ စာရင်းအတိအကျကို ဖော်ထုတ်ပေးဖို့ စတဲ့အချက် တွေလည်းပါဝင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment