Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 11, 2015

လူထုအပေါ် အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှု တိုးလာဟု ND-Burma အစီရင်ခံစာထုတ်ပြန်


မတ်လ ၁၀ရက်၊ ၂၀၁၅ခုနှစ်။

မြန်မာအစိုးရမှ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည်ဟု ပြောသော်လည်း ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ဆက်လက်တိုးပွားလာသည်ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် Network for Human Rights Documentation-Burma (ND-Burma)က မတ်လ ၁၀ရက်နေ့စွဲဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် အဓိက လူ့အခွင့်အရေးချိုးဖောက်ခံရသည်မှာ စစ်ပွဲဖြစ်ပွားရာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ဒေသများတွင် ညှင်းပမ်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှု အများဆုံး ဖြစ်ပွားနေပြီး စစ်မဖြစ်ပွားသည့် ဒေသများ၌ လယ်ယာမြေသိမ်းဆည်းမှု အများဆုံးဖြစ်ပွားသည်ကို တွေ့ရှိရသည်ဟု ND-Burma မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ လွေပိုးညိုဝ်းက ကေအိုင်စီ သို့ ပြောသည်။

၎င်းက “ကျမတို့ မြန်မာနိုင်ငံက အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လောက်ပဲ အကောင်အထည်ဖော် လုပ်ဆောင်နေ တာပဲပြောပြော လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရပ်တန့်မှု မရှိဘူး။ ပိုပြီးတော့မှ ဆိုးရွားလာတဲ့ အခြေအနေကို တွေ့ရတယ်” ဟု ပြောဆိုသည်။

အဆိုပါ အစီရင်ခံစာတွင် အစိုးရမှ ပြည်သူလူထုအပေါ် မတရားဖမ်းဆီးမှုနှင့် မတရားချုပ်နှောင်မှု၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို သိမ်း ယူခြင်း၊ ဖျက်ဆီးခြင်း၊ ပျောက်ဆုံးခြင်း၊ အတင်းအဓမ္မ စေခိုင်းခြင်း၊ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း၊ လူကုန်ကူးခြင်း၊ သတ်ဖြတ် ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ စုဝေးခြင်း၊ လွတ်လပ်စွာ သွားလာခွင့်ကို တားဆီးခြင်း၊ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအဓမ္မပြုကျင့်ခြင်း၊ ကလေးစစ်သားအသုံးပြုခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ မတရားအခွန်ကောက်ခြင်းတို့ဖြင့် လူ့အခွင့်အရေးများ ချိုးဖောက်နေကြောင်း ဖော်ပြထားသည်။
????????????
ထို့အပြင် စစ်တမ်းများကောက်ယူမှုအရ လူအခွင့်အရေးချိုးဖောက်မှုများ တိုးလာသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် စစ်မှန်သည့် ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုလည်း အစိုးရက မဖော်ဆောင်နေကြောင်းကို သက်သေပြနေ သည်ဟု လွေးပိုးညိုဝ်းက ဆက်ပြောသည်။

ND-Burma အဖွဲ့သည် တနှစ်လျှင် အစီရင်ခံစာ နှစ်ကြိမ်ထုတ်ပြန်လေ့ရှိရာ ယခုထုတ်ပြန်သော မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအတွင်း ၁၀၃မှုနှင့် ၂၀၁၄ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာ လအတွင်း ၁၀၇မှုတို့ကို မြန်မာစစ်တပ် ကျူးလွန်ခဲ့ကြောင်း ND-Burma ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ စုဆောင်းမှတ်တမ်းတင်ထားသော အချက်အလက်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ငြိမ်း ချမ်း၍ ဒီမိုကရေစီထွန်းကားသော မြန်မာနိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းရေးတွင် အမှန်တရားနှင့် တရားမျှတမှုကို ရှာဖွေဖော် ထုတ်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၄ခုနှစ်တွင် ND-Burma ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလူထုအခြေပြု အဖွဲ့အစည်း အများစုဖြင့် ဖွဲ့စည်းထားသည့် ၎င်းကွန်ရက်တွင် အဖွဲ့ဝင် ၈ဖွဲ့၊ ဆက်စပ်အဖွဲ့ဝင် ၄ဖွဲ့နှင့် ပါတနာ(မိတ်ဖက်)အဖွဲ့အစည်း ၄ဖွဲ့တို့ ပါဝင်သည်။

နန်းချောင်ဖော့
ကေအိုင်စီ - KIC News
http://kicnews.org

No comments:

Post a Comment