CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Microsoft နှင့် Intel တို့ ပူးပေါင်း ထုတ်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်အမှတ်တံဆိပ် Windows Tablet ကို KMD မိတ်ဆက်
KMD မှ Microsoft, Intel တို့ဖြင့် ပူးပေါင်းထုတ်လုပ်လိုက်သည့်
ဈေးနှုန်းသင့်တင့်သော Windows 8.1 ထည့်သွင်းအသုံး ပြုထားသည့် be Tablet 10
ကို မတ်လ ၁၀ ရက်က ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် မိတ်ဆက် ပြသခဲ့သည်။
အဆိုပါ Tablet မှာ Quad Core Intel Atom processor နှင့် ဖြစ်ပြီး Microsoft,
Intel တို့၏ နည်းပ ညာဖြင့် ပေါင်းစပ်ပြုလုပ် ထုတ်လုပ်ထားသော
မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင် အမှတ် တံဆိပ် Tablet ဖြစ်သည်။ Tablet
အဖြစ်အသုံးပြုနိုင်သလို Detachable Keyboard ဖြင့်ချိတ်ဆက်ပြီး Laptop
အနေဖြင့် လည်းအသုံးပြုနိုင်မည် ဖြစ်သည်။
“ KMD
အနေနဲ့မြန်မာနိုင်ငံမှ ပထမဆုံး Original Equipment Manufacturer (OEM)
project အဖြစ် be အမှတ်တံဆိပ်ကို စတင် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ IT
Industry မှာ ယခင်ကသူများ ထုတ်လုပ်ထားတဲ့ ပစ္စည်းများကိုသာ
တင်သွင်းရောင်းချတဲ့ လုပ်ငန်းကိုပဲ အဓိက ထားလုပ်ကိုင်နေကြပါတယ်။ ကိုယ်တိုင်
IT Product ကိုထုတ်လုပ်ပြီး ရောင်းချတာ မရှိခဲ့ကြပါဘူး။ မြန်မာနိုင်ငံရဲ့
IT Market Size ကလည်းသေးတဲ့ အတွက် နိုင်ငံတကာထိပ်တန်း IT Company များကလည်း
စိတ် မ၀င်စားခဲ့ကြပါဘူး။ အခုအခါမှာတော့ (Original Equipment Manufacturer)
OEM Project အနေနဲ့ KMD က ကိုယ်ပိုင် Design ကို Microsoft, Intel
တို့နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် ပထမဆုံး
လုပ်ကိုင်ခွင့်ရတာဖြစ်ပါတယ်။
အကျိုး အမြတ်ကိုမမျှော်မှန်းဘဲ မြန်မာနိုင်ငံ အတွင်း IT Industry အတွက် OEM
Concept ကိုအစပျိုးလမ်းစ ပြုလုပ်ပေးတာပဲဖြစ်ပါတယ်” ဟု KMD Computer Group ၏
President ဖြစ်သူ ဒေါ်တင်တင် အေးက
ပြောသည်။
အဆိုပါ
Tablet ကို Microsoft Company မှ Software နည်း ပညာများကိုပံ့ပိုးပြီး၊ CPU
နှင့် Chipset ထုတ်လုပ်သော Intel Company က Hardware ပိုင်းတွင်
ကူညီပံ့ပိုးပေးထားကြောင်းသိရ သည်။
Tablet တွင် Official License software ဖြစ်သည့် Windows 8.1, Office 365 (1 Year) အသုံးပြုခွင့်နှင့် မြန်မာစာစနစ်ပါဝင်ပြီးဖြစ်သည်။
ထို့အပြင်နိုင်ငံပေါင်း ၆၀ ကျော်သို့ တစ်လလျှင်မိနစ် ၆၀ တစ်နှစ်အခမဲ့ခေါ်
ဆိုနိုင်သော Skype Credits နှင့် Microsoft One Drive ဟုခေါ်သည့် Cloud
Storage 1 TB တစ်နှစ်စာပါ ဝင်မည်ဖြစ်သည်။ be Tablet 10 ကို Pre-Order
အနေဖြင့် မတ်လ ၁၀ ရက်မှ ၁၇ ရက်အတွင်းမှာယူမည် ဆိုပါက အထူးဈေးနှုန်း USD
259$ (Keyboard နှင့် 3G မပါဝင်) နှင့် USD 299$ (Keyboard နှင့် 3G
ပါဝင်ပြီး) ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ Pre-Order
ကာလအတွင်းမှာယူသူများအနေဖြင့်
အနည်းဆုံး USD 300$ တန်ဖိုးရှိသော Application (Skype, McAfee Antivirus,
Microsoft Office 365 နှင့် Online Storage) များကို
တစ်နှစ်အခမဲ့အသုံးပြုနိုင်မည့် အခွင့်အရေးကိုရရှိမည်ဖြစ်သည်။
အသေးစိတ် အချက်အလက် များကို http://www.be.com.mm/
တွင် ဝင်ရောက်လေ့လာနိုင် သလို ဖုန်း ၀၁-၃၈၅၀၇၇၊ ၃၈၁၁၂၉၊ လိုင်းခွဲ-၁၄၉သို့ လည်း ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။
ဝေဝေ - Internet Journal
Microsoft နှင့် Intel တို့ ပူးပေါင်း ထုတ်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်အမှတ်တံဆိပ် Windows Tablet ကို KMD မိတ်ဆက်
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
March 16, 2015
Rating:
5
No comments:
Post a Comment