Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 19, 2015

ISIS အဖွဲ့က လေ့ကျင့်ပေးနေသော အရှေ့တောင်အာရှဒေသမှ သင်တန်းသားများ၏ ဗီဒီယိုဖိုင် အွန်လိုင်းတွင်လွှင့်တင်



အရှေ့တောင်အာရှ ဒေသအတွင်း ထောက်ခံသူများကို ဆွဲဆောင်စည်းရုံး နိုင်ရေး ထပ်မံ ကြိုးပမ်းမှုအဖြစ် ISIS စစ်သွေးကြွ အဖွဲ့က မလေးရှားစကား ပြောသည့် ကလေးငယ်များ ၏ လက်နက်များနှင့် အတူ လေ့ကျင့်လျက် ရှိသည့် ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင် တစ်ခုကို အွန်လိုင်းတွင် လွှင့်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုဖိုင်တွင် အနည်းဆုံး ယောက်ျားလေး ၂ဝ ဦးခန့် အုပ်စုတစ်စုအား စာသင်ကြား နေခြင်း၊ ဝတ်ပြု ဆုတောင်းခြင်း၊ အစာစား နေခြင်း၊ ISIS စစ်သွေးကြွ အဖွဲ့ ထိန်းချုပ်ထားသော နယ်မြေအတွင်း ကာကွယ်ရေး နှင့် လက်နက်များ ဆိုင်ရာ သင်ခန်းစာများ လေ့ကျင့်ပေး နေပုံများ ပါဝင်ကြောင်း သိရသည်။

ISIS စစ်သွေးကြွ အဖွဲ့သည် ပြည်ပ စစ်ဆင်ရေး များကို တိုးမြှင့် လုပ်ဆောင်လျက် ရှိပြီး ဒေသတွင်း၌ ထောက်ခံ အားပေးမှုများ ပိုမိုရရှိလာ စေရေး စည်းရုံး သိမ်းသွင်းလျက် ရှိကြောင်း ကျွမ်းကျင် သူများက သတိပေးမှုများ ထုတ်ပြန်နေစဉ် အတောအတွင်း ယင်း ဓာတ်ပုံနှင့် ဗီဒီယိုဖိုင် ပေါ်ထွက် လာခဲ့သည်။

ယခင် လွှင့်တင်ခဲ့သည့် ဗီဒီယိုဖိုင် များတွင် အာရပ်နှင့် အလယ်အာရှ ဒေသရှိ ကလေး သူငယ်များ ပါဝင်ခဲ့ပြီး ယခု လွှင့်တင်မှုသည် အရှေ့တောင်အာရှ ဒေသတွင်းရှိ ထောက်ခံသူ များကို ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထင်ရှားစွာ ပေါ်လွင်လျက် ရှိသည်။

ထို့ပြင် အဗ္ဗဒူလာအာဇမ် တက္ကသိုလ် ရှိ ကျောင်းသားများ၏ ပုံများကိုလည်း သီးသန့် လွှင့်တင်ခဲ့ကြောင်း၊ အဆိုပါ တက္ကသိုလ်သည် မလေးရှား ဘာသာဖြင့် ညွှန်ကြားချက်များ ပါဝင်ကြောင်း နှင့် အရှေ့တောင် အာရှ ဒေသတွင်းရှိ တိုက်ခိုက်ရေး အဖွဲ့ဝင် ကလေး သူငယ်များ အတွက် တည်ထောင် ထားခြင်းဖြစ်သည်။

အဗ္ဗဒူလာအာဇမ် ဆိုသူသည် အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင် အား သင်ကြား လေ့ကျင့်ပေး ခဲ့သည့် အစွန်းရောက် ဘာသာရေး ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုဖိုင်သည် တိုက်ခိုက်ရေး တွင် ပါဝင်ရေး အတွက် လေ့ကျင့်မှု ပြုလုပ်ပေးလျက် ရှိသည့် အရှေ့တောင်အာရှ ဒေသတွင်းရှိ ကလေးငယ်များကို ပြသရန် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ တောင်ပိုင်း အပါအဝင် ဒေသတွင်းမှ တိုက်ခိုက်ရေး သမား ၅ဝဝ ခန့်သည် ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်း ခဲ့ကြကြောင်း သိရသည်။

၎င်းတို့သည် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ ကူညီမှုများ ရရှိရေး ကြိုးပမ်းရန်နှင့် အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံသားများက ISIS စစ်သွေးကြွ အဖွဲ့သို့ လာရောက် ပူးပေါင်းရေး ဆွဲဆောင် စည်းရုံးရန် ဆန္ဒရှိကြောင်း လေ့လာ ဆန်းစစ်သူ များက ပြောသည်။

#PyiChitThar

No comments:

Post a Comment