Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 17, 2015

ISIS အဖွဲ့ က ကာ့ဒ်တပ်ဖွဲ့ ဝင်များကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်



ISIS စစ်သွေးကြွ များသည် ကာ့ဒ်တပ်ဖွဲ့ဝင် များနှင့် ရင်ဆိုင်တိုက်ခိုက် ရာတွင် ဓာတု လက်နက်များ အသုံးပြုလျက် ရှိကြောင်း ကာ့ဒ် အာဏာပိုင် များက ထုတ်ဖော် ပြောကြားသည်။

ISIS စစ်သွေးကြွ များသည် ကာ့ဒ်စစ်ဘက် တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်ရာတွင် ကလိုရင်း ဓာတ်ငွေ့အား ဓာတုလက်နက် သဖွယ် အသုံးပြုလျက် ရှိသည်ကို သက်သေ ပြနိုင်သည့် အထောက်အထားများ ရရှိထားပြီး ဖြစ်ကြောင်း ကာ့ဒ်ဒေသ ဆိုင်ရာ လုံခြုံရေး ကောင်စီက သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ဆွန်နီ စစ်သွေးကြွများ အသုံးပြုလျက် ရှိသော အရေးပါသည့် ထောက်ပံ့ရေး လမ်းကြောင်း တစ်ခုဖြစ်သည့် မိုဆူးလ်မြို့နှင့် ဆီးရီးယားနယ်စပ် အကြားရှိ လမ်းကြောင်း တစ်ခုအား ကာ့ဒ်တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်စဉ် အဆိုပါ ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း နှင့် ယင်းနောက်ပိုင်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော ထရပ်ကား တစ်စီးပေါ်၌ ဓာတ်ငွေ့ဗုံး ၂ဝ ခန့်အား ကာ့ဒ်တိုက်ခိုက်ရေး သမားများက ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ကာ့ဒ်ဒေသ ဆိုင်ရာ လုံခြုံရေး ကောင်စီ က ပြောကြားသည်။

သို့ရာတွင် အာဏာပိုင်များ ပြောကြား ထားမှုနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် ISIS စစ်သွေးကြွ များ ကျင့်သုံးလျက် ရှိသော စစ်မြေပြင် စစ်နည်း ဗျူဟာများသည် ၁၉၉၇ ခုနှစ်ဓာတုလက်နက် ဆိုင်ရာ ညီလာခံ၏ လုပ်ထုံးလုပ်နည်း အရ ကန့်သတ် တားမြစ်ထားသော အချက်များ ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment