Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 10, 2015

ကာ့ဒ် တိုက်ခိုက်ရေးသမား များနှင့် ပူးပေါင်းလျက်ရှိသည့် ဂျာမနီ အမျိုးသမီးတစ်ဦးကို ISIS က သတ်ဖြတ်




ISIS စစ်သွေးကြွ များသည် ကာ့ဒ် တိုက်ခိုက်ရေး သမားများနှင့် ပူးပေါင်း၍ ၄င်းတို့ကို တိုက်ခိုက်လျက် ရှိသည့် ဂျာမနီနိုင်ငံသူ အမျိုးသမီး တစ်ဦးကို ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် သတ်ဖြတ် ခဲ့ကြောင်း လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂျာမနီ အမျိုးသမီးငယ် သည် ISIS စစ်သွေးကြွ များ သိမ်းပိုက် ထားသည့် ဟာဆာကေး ပြည်နယ် တယ်လ်တာမာမြို့ ကို ပြန်လည် သိမ်းပိုက်နိုင်ရန် တိုက်ခိုက် ခဲ့သည့် စစ်ပွဲအတွင်း အသတ်ခံခဲ့ ရခြင်းဖြစ်ပြီး သူမ၏ အမည်နှင့် အခြား အသေးစိတ် အချက်အလက် များကို ထုတ်ပြန်ထားခြင်း မရှိကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ အဗ္ဗဒယ်လ် ရာမန် က မတ် ၈ ရက်တွင် ထုတ်ပြန် ခဲ့သည်။

အဆိုပါ တိုက်ပွဲသည် မတ် ၇ရက်မှ စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ပွဲအတွင်း ကာ့ဒ် တိုက်ခိုက်ရေး သမားများနှင့် ISIS စစ်သွေးကြွ စုစုပေါင်း ဦးရေ ၄ဝ ခန့် သေဆုံး ခဲ့ကြောင်း သိရသည်။

ကာ့ဒ်တပ်ဖွဲ့တွင် အမျိုးသမီး တိုက်ခိုက်ရေး သမား အင်အား ၇ဝဝဝ ခန့် ပါဝင်လျက် ရှိသည်။ ကာ့ဒ် တပ်ဖွဲ့ဝင်များ အနေဖြင့် တယ်လ်တာမာမြို့ ကို ISIS စစ်သွေးကြွ များလက်မှ တိုက်ခိုက် သိမ်းပိုက် နိုင်ပြီ ဆိုပါက အီရတ်နိုင်ငံ နယ်စပ်အနီးရှိ မြို့ကြီးတစ်မြို့ ဖြစ်ပြီး အဓိက အချက်အချာ ကျသော မိုဆူလ်မြို့ သို့ ဆက်လက် တိုက်ခိုက် နိုင်မည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment