Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 11, 2015

တရုတ်နိုင်ငံသားတချို့ IS အဖွဲ့နဲ့ ပူးပေါင်းမှုရှိလို့ဆို

ရှင်ကျန်းပြည်နယ်မှာ တရုတ်အစိုးရက အကြမ်းဖက် နှိမ်နင်းမှု လုပ်ငန်းတွေ လုပ်လေ့ရှိပါတယ်။ (Credit: AFP) 
တရုတ်နိုင်ငံ ​အနောက်ပိုင်း ​ရှင်ကျန်းပြည်နယ်က ​မွတ်စလင်တချို့ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့နဲ့ ​ပူးပေါင်းတာမျိုး ​ရှိတယ်လို့ ​တရုတ်အစိုးရက ​ပထမဆုံးအကြိမ် ​အတည်ပြု ​ပြောဆိုထားပါတယ်။

ရှင်ကျန်းပြည်နယ် ​အရာရှိရဲ့ ​အဆိုအရ ​IS ​အဖွဲ့ရဲ့ ​သင်တန်းတွေကို ​ရယူထားတဲ့ ​တရုတ်နိုင်ငံသား ​တချို့ဟာ ​တရုတ်မြေပေါ်မှာ ​အကြမ်းဖက်မှုတွေ ​လုပ်ဖို့ ​ရှိခဲ့တယ်လို့ ​ဆိုပါတယ်။ ​ဒါပေမဲ့ ​ဘယ်နှစ်ယောက်လောက် ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းခဲ့သလဲ ​ဆိုတာကို ​ထုတ်ဖော်ပြောဆိုခြင်း ​မရှိခဲ့ပါဘူး။

ရှင်ကျန်းပြည်နယ်မှာ ​ဝိဂါ ​မွတ်စလင်တွေ ​နေထိုင်မှုများပြီး ​တရုတ်အစိုးရက ​အကြမ်းဖက်မှုတွေကို ​နှိမ်နင်းတယ်ဆိုပြီး ​မကြာခဏ ​ဖမ်းဆီးမှုတွေ ​လုပ်လေ့ရှိတဲ့ ​ပြည်နယ်လည်း ​ဖြစ်ပါတယ်။

ဒီဇင်ဘာလထုတ် ​Global ​Times ​သတင်းအရ ​တရုတ်နိုင်ငံသား ​အယောက် ​၃၀၀ ​လောက် ​ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံက ​IS ​အဖွဲ့နဲ့ ​ပူးပေါင်း ​တိုက်ခိုက်မှုတွေ ​လုပ်နေတယ်လို့ ​ဖော်ပြဖူးပါတယ်။

ဝိဂါ ​မွတ်စလင်တွေဟာ ​Turkic ​စကားပြောဆိုကြသူတွေ ​ဖြစ်ပြီး ​ဟန် ​တရုတ်လူမျိုးနဲ့ ​သင့်မြတ်မှု ​မရှိဘူးလို့ ​သိရပါတယ်။

ဒီလို ​လူမျိုးရေး ​တင်းမာမှုတွေကို ​ဖြေရှင်းတဲ့အနေနဲ့ ​တရုတ်အစိုးရက ​အခြေခံ ​အဆောက်အဦးတွေ၊ ​ပညာရေးတွေမှာ ​ရင်းနှီးမြုပ်နှံမှု ​လုပ်ဆောင်ထားတယ်လို့ ​ဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment