Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 10, 2015

ကွဲနေတဲ့ ၀ိုင်ခွက် အပိုင်းအစတွေပေါ် ချော်လဲကျခဲ့ပြီး Brownstone အဖွဲ့ဝင် Charmayne Maxwell သေဆုံး



၁၉၉၀ ခုနှစ်ဝန်းကျင်များမှာ အောင်မြင်မှုရခဲ့သော အဆိုတော်တစ်ဦးဖြစ်တဲ့ Charmayne Maxwell ဟာ သူမရဲ့ ကယ်လီဖိုးနီးယား ပြည်နယ် ၊ လော့အိန်ဂျလိစ် မြို့က နေအိမ်မှာ မတော်တဆမှု တစ်ခုဖြစ်ပွား ခဲ့ပြီး သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။ လော့အိန်ဂျလိစ် ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အသက် ၄၆ နှစ် ရှိနေပြီဖြစ်တဲ့ Maxwell ဟာ ကွဲနေတဲ့ ၀ိုင်ခွက် အပိုင်းအစတွေပေါ် ချော်လဲကျခဲ့တာဖြစ်ပြီး သူမရဲ့ လည် ပင်း ကို ရှ ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ 
TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ Maxwell ရဲ့ အမျိုးသား ဂီတပညာရှင် Carsten Soulshock စာ အိမ် ကိုနောက်ကျမှ ပြန်လာခဲ့ပြီး အိမ်ပြန်ရောက်တဲ့အခါမှာ Maxwell ဟာ သွေးထွက်ပြီး လဲကျနေတာကိုတွေ့ ရတဲ့အတွက် ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားပြီးဆေးရုံ ကို ပို့ခဲ့ပေမယ့် လမ်း မှာပဲ သေ ဆုံးသွား ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။ 
Maxwell ပါဝင်ခဲ့တဲ့ Brownstone အဖွဲ့ဟာ ၁၉၉၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ If You Love Me ဆိုတဲ့ သီချင်းနဲ့ အောင်မြင်ကျော်ကြားခဲ့ပြီး Grapevyne နဲ့ Pass The Lovin ဆိုတဲ့ သီချင်းတွေနဲ့လည်း အကောင်းဆုံး R&B ဂရမ်မီဆုကို ဆန်ခါတင် ပါဝင်ခဲ့ဖူးပါတယ်။ 
Credit : http://www.starpulse.com/news
http://knowledge.thithtoolwin.com/2015/03/brownstone-charmayne-maxwell.html

No comments:

Post a Comment