Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 16, 2015

အမေရိကန်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ မြွေပြပွဲကို ပရိသတ် ထောင်ပေါင်းများစွာ လာရောက် ကြည့်ရှု



                အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်၊ Sweet Water မြို့မှာ မြွေပြပွဲ တစ်ခုကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲတော် ကို ၁၉၅၈ ကတည်းက ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ မြွေပွေးတွေကို အဓိက ပြသ ထားခြင်း ဖြစ်ပါတယ်။ မြွေပွေး ပေါင်း(၁၀၀၀)ကျော်ကို ပြသ ထားခြင်း ဖြစ်ပြီး လာရောက် ကြည့်ရှုတဲ့ ပရိသတ် အရေအတွက်က ထောင်ပေါင်းများစွာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီမြို့ဟာ လူဦးရေ (၁၀၀၀၀) ကျော် သာရှိပေမယ့် မြွေပြပွဲကိုတော့ အခြားမြို့တွေက လူတွေပါ လာရောက် ကြည့်ရှုခဲ့ကြ ပါတယ်။
                မြွေပေါက်ဖွားမှုကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီပြပွဲကို ကျင်းပပြုလုပ်တာ ဖြစ် ပါတယ်။ ဒီပြပွဲမှာ မြွေတွေနဲ့ ပတ်သက်ပြီး ပြကွက်အမျိုးမျိုးကို ပြုလုပ်ထားပါတယ်။ မြွေတွေကို ဘယ်လိုဖမ်းဆီးရမယ် ဆိုတာ ကိုလည်း ပြသထားပါတယ်။ ဒါ့အပြင် မြွေတွေ ကို စားနိုင်အောင်လည်း စီစဉ်ပေးထားပါ တယ်။ ကလေးငယ်တွေဟာ မြွေတွေကို စိတ်ဝင်တစားနဲ့ ကြည့်ရှုလေ့ရှိပါတယ်။ မြွေတွေကို ခေါင်းဖြတ်ပြီး ထွက်လာတဲ့ သွေးတွေကို လာရောက် ကြည့်ရှု တဲ့ ပရိသတ်တွေရဲ့ လက်ပေါ်မှာ တင်ပေးခဲ့ပါတယ်။ ဒီနောက် ပရိသတ်တွေဟာ လက်မှာ ပေကျံနေတဲ့ မြွေသွေးတွေကို နံရံပေါ်မှာ သုတ်လိမ်းတဲ့ အပြုအမူတွေကို ပြုလုပ်ခဲ့ကြပါတယ်။ မြွေတွေကို အရှင်လတ်လတ် အရေခွံဆွဲ ခွာပြီး  ချက်ပြုတ် စားသောက်မှုတွေလည်း ပြုလုပ်ကြ ပါတယ်။ ဒီပြပွဲကို လေးရက်သာ ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အနယ်နယ် အရပ်ရပ်က လာရောက်တဲ့ သူတွေကြောင့် အကျိုးအမြတ် များစွာ ဖြစ်ထွန်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မြွေတွေကို ညှဉ်းပန်းနှိပ်စက်ရာ ရောက်နေတာမို့ ဝေဖန်မှု တွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အေသင်အောင်
http://www.messengernewsjournal.com/General/Eventure/detail.php?id=33701

No comments:

Post a Comment