Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 23, 2015

ပုဂံတွင် ရုပ်ရှင်လာရိုက်သော အိန္ဒိယရိုက်ကူးရေးအဖွဲ့ထံမှ တစ်ထောင်တန်အတုများတွေ့ရှိ၍ စစ်ဆေးနေ

မှတ်တမ်းရုပ်ရှင်ရိုက်ရန် ပုဂံညောင်ဦးသို့ ရောက်ရှိ လာသော အိန္ဒိယနိုင်ငံသားများထံမှ တစ်ထောင်ကျပ်တန် ပုံစံတူစက္ကူများ ထည့်ထားသည့် ခရီးဆောင်အိတ်နှစ်အိတ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရှာဖွေတွေ့ရှိသဖြင့် စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။
မတ်လ ၂၃ ရက် နံနက် ၉ နာရီတွင် ထိုင်းလေကြောင်းလိုင်း လေယာဉ်အမှတ် TG-303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်သို့ ရောက်ရှိလာသော အိန္ဒိယနိုင်ငံသား ၁၂ ဦးထံမှ ယင်းကျပ်ငွေများ သိမ်းဆည်းရမိခြင်းဖြစ်သည်။
‘‘ပုဂံဘက်မှာ မှတ်တမ်းတင် ရုပ်ရှင်ရိုက်ဖို့ဆိုပြီး လာကြတာ။ ခရီးဆောင်အိတ်တွေ စစ်ကြည့် လိုက်တော့ တစ်ထောင်တန်ငွေ စက္ကူပုံစံတူတွေ ခရီးဆောင်အိတ် နဲ့အပြည့် နှစ်အိတ်တောင်တွေ့ တယ်။ ဘာလို့သယ်လာသလဲဆို တာကို စစ်ဆေးနေဆဲပါပဲ’’ဟု လေဆိပ်လုံခြုံရေး တာဝန်ကျအရာရှိတစ်ဦးက 7DAY DAILY အား ပြောသည်။
‘‘ကျွန်တော်က ဘေးကပဲ အကူအညီလိုက်ပေးတာ၊ ဘာမှန်းအတိအကျ ကျွန်တော်မသိဘူး’’ဟု ယင်းရုပ်ရှင်အဖွဲ့ကို လာ ရောက်ကြိုဆိုခဲ့သည့် ဒါရိုက်တာ စတီးလ်ကပြောသည်။
မှတ်တမ်းရုပ်ရှင်ရိုက်ကူးရန် ထိုရိုက်ကူးရေးအဖွဲ့က စက် ပစ္စည်းစာရင်းများ တင်ထားပြီး ထို စာရင်းတွင် ငွေစက္ကူမပါဝင်ပေ။
‘‘ရုပ်ရှင်ရိုက်ဖို့သယ်လာတာ လည်းဖြစ်တော့ဖြစ်နိုင်တယ်။ ငွေ စက္ကူတွေရဲ့ ညာဘက်ဘေး အဖြူရောင်အကွက်လေးမှာ နမူနာဆို တဲ့ စာတန်းလေး ရိုက်ထားတာတွေ့တယ်’’ဟု ၎င်းအရာရှိကပြောသည်။
7Day Daily

No comments:

Post a Comment