Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 21, 2015

နိုင်ငံပေါင်း (၁၂) နိုင်ငံမှာ လက်ထပ် မင်္ဂလာ (၃၈) ပွဲ ပြုလုပ် သွားမယ့် စုံတွဲ




          လက်ထပ်ပွဲ တစ်ပွဲလုပ်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုက စုံတွဲ တစ်တွဲဟာ တိုက်ကြီး ခြောက်တိုက်က နိုင်ငံပေါင်း (၁၂) နိုင်ငံ ကိုသွားရောက်ပြီ လက်ထပ် မင်္ဂလာပွဲ (၃၈) ပွဲ ပြုလုပ် သွားဖို့ စီစဉ်ထား ပါတယ်။ ချီတာပလက်နဲ့ ရီပာာနာ ၀ုဒ်ယက် တို့ဟာ ရက်ပေါင်း (၉၀) အတွင်း ထူးခြားတဲ့ အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်ပါတယ်။ သူတို့ စုံတွဲဟာ ပြီးခဲ့တဲ့နှစ်မှာ စေ့စပ်ခဲ့တာ ဖြစ်ပြီး  ဖေဖော်ဝါရီ (၈)ရက်မှာ ပထမဆုံး လက်ထပ်ပွဲကို စတင်ပြုလုပ်ခဲ့ ပါတယ်။ လော့စ်အိန်ဂျလိစ်မှာ နေထိုင်တဲ့ ပလက်နဲ့ ၀ုဒ်ယက် တို့ဟာ ကိုလံဘီယာ နိုင်ငံ ကို ပထမဆုံး ထွက်ခွာကာ လက်ထပ်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၀ုဒ်ယက်က အမျိုးသမီး အများစုဟာ လက်ထပ်ပွဲ တစ်ပွဲတည်းကို ငွေကြေး များစွာ ကုန်ကျခံလေ့ ရှိကြောင်း၊ မိမိမှာမူ လက်ထပ်ပွဲ အများအပြား ပြုလုပ် သွားရန် ဆန္ဒရှိသောကြောင့် ယခုလို စီစဉ်ထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သူတို့ဟာ ပြည်ပနိုင်ငံတွေမှာ လက်ထပ်ပွဲ ပြုလုပ်တဲ့ အခါ ကုန်ကျ စရိတ်နည်းစေဖို့ ပွဲတက် မင်္ဂလာဝတ်စုံကို တစ်စုံသာ ၀တ်ဆင်လေ့ရှိ ပါတယ်။ ကမ္ဘာ အနှံ့ ကို သွားရောက်ပြီးတဲ့ နောက်မှာ လော့စ်အိန်ဂျလိစ်ကို ပြန်လာပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ လက်ထပ်ပွဲကို ခမ်းနားစွာ ပြုလုပ်သွားဖို့  စီစဉ်ထား ပါတယ်။
အေသင်အောင်
  http://www.messengernewsjournal.com/General/Eventure/detail.php?id=34024


No comments:

Post a Comment