Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 22, 2015

· ဇိမ်ကျကျနေနိုင်ဖို့ ငွေ လိမ်တောင်းခဲ့သော ဘောလုံးသမားဟောင်း


စကော့တလန်ဘောလုံးသမားဟောင်း မိုက်ကယ်မက်အင်ဒိုးဟာ ကစားသမားဘ၀က အနားယူပြီးတဲ့နောက် ဘ၀တူ ဘောလုံးသမားတွေကို သူရဲ့စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ တောင်းဆိုခဲ့ပါတယ်။ ၀ုလ်ဗာဟမ် တန်နဲ့ ကိုဗင်ထရီကစားသမားဟောင်း မိုက်ကယ်ဟာ ပါတီပွဲတွေ အဆက်မပြတ်လုပ်ပြီး အပျော်ကြူးတဲ့ မီလျံနာသူဋ္ဌေးတစ်ယောက်လို နေထိုင်ခဲ့တာမို့ အခုချိန်မှာ ဒေ၀ါလီခံခဲ့ရပြီး မိသားစုရဲ့ အထောက်အပံ့နဲ့ နေထိုင်နေရပြီ ဖြစ်ပါတယ်။ မိုက်ကယ်ရဲ့ စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံထားသူတွေထဲမှာ ဘောလုံးသမားဟောင်းတွေလည်း ပါဝင်ပြီး သူတို့ရဲ့ ဆုံးရှုံးနစ်နာမှု တန်ဖိုးက စုစုပေါင်း ပေါင်သန်း ၃၀ လောက် ရှိတယ်လို့ သိရပါတယ်။ မိုက်ကယ်ရဲ့ စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံထားသူပေါင်း လူအယောက် ၃၀၀ လောက်ရှိပြီး သူတို့တွေထဲမှာ နာမည်ကြီး ဟူးစီးတီးဘောလုံးသမားပေါင်း ဂျင်မီဘူးလက်လည်း ပါဝင်ခဲ့ပါတယ်။ ဒီကိစ္စအတွက် မိုက်ကယ်ကို ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ “ မာဘယ်လာကမ်းခြေမှာ မိုက်ကယ်ကို မသိတဲ့သူ မရှိပါဘူး။ ပါတီပွဲတွေကို နေရာအနှံ့ လုပ်ခဲ့ပြီး ပါတီတွေမှာ မိန်းမလှလေးတွေနဲ့ ရှန်ပိန်တွေ အများကြီးပါပဲ။ သူ့မှာ သက်တော်စောင့်တောင် ရှိပါတယ်” လို့ မိုက်ကယ်ဆီမှာ ပေါင် ၇၅၀၀၀ ဆုံးရှုံးခဲ့တဲ့ ဘောလုံးသမားတစ်ယောက်က ဆိုပါတယ်။ မိုက်ကယ်ဟာ သီးသန့်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုက်ကလပ်တစ်ခုကို လန်ဒန်မြို့မှာ တည်ထောင်ခဲ့ပြီး ပေါ့ပ်နာမည်ကြီးအဆိုတော် အလက်ဇန္ဒရာဘတ်ကိုတောင် ငှားရမ်းခဲ့ဖူးပါတယ်။ ပေါင် ၂ သန်းတန် စံအိပ်တစ်ခုကို သုံးပတ်တာ ပါတီခရီးစဉ် အတွက် တစ်ပတ် ပေါင် ၂၇၀၀၀ နဲ့ ငှားရမ်းခဲ့ပြီး ကမ်းခြေပါတီတစ်ခုမှာ တနေ့တည်းမှာတင် ရှန်ပိန်အတွက် ပေါင် ၄၀၀၀၀ လောက်အထိ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ မိုက်ကယ်ဟာ သူ ဒီလို ဇိမ်ကျကျ နေနိုင်ဖို့အတွက် လူတွေကို သူ့ဆီမှာ ငွေကြေး ရင်းနှီးမြုပ်နှံမယ်ဆိုရင် ၂၀ ရာခိုင်နူန်း အမြတ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ လိမ်လည်ခဲ့တာပဲ ဖြစ်ပါတယ်။
Ref - Dailymail
Myanmar Online News

No comments:

Post a Comment