Sunday, March 8, 2015
ဆန္ဒထုတ်ဖော်သူများ အား အင်အားသုံးကာ အကြမ်း ဖက်နည်းဖြင့် ဖြိုခွင်းမှုများကို လက်မခံနိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က မတ်လ ၇ ရက် တွင် ကျင်းပသော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ရန်ကုန်တိုင်းဒေသကြီးအ
တွင်းဖြစ်ပွားခဲ့သည့် ဆန္ဒပြနေသူ များကို ရဲတပ်ဖွဲ့ဝင်များနှင့်
အရပ်ဝတ်များက အကြမ်းဖက်ဖြိုခွင်းမှု နှင့်ပတ်သက်၍ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်
အစည်းအဝေး တွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ် သည်။
‘‘အစ်မ(ဒေါ်အောင်ဆန်းစု ကြည်)က အကြမ်းဖက်မှုတွေကို ဘယ်တုန်းကမှ လက်မခံဘူးပြော တယ်။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အကြမ်းဖက်မှုတွေကို လုံးဝလက် မခံနိုင်ဘူးလို့ပြောတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါ်နန်းခင်ထွေး မြင့်ကပြောသည်။
ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်ဖြိုခွင်းမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်အစိုးရ အနေ ဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒေါ်နန်းခင်ထွေး မြင့်က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေးကို မတ်လ ၇ ရက်တွင် နေပြည်တော် ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ တိုင်းဒေ သကြီးနှင့် ပြည်နယ်များ၌ ရွေး ကောက်ပွဲအောင်နိုင်ရေး အခြေအနေများနှင့် ဒေါ်အောင်ဆန်းစု ကြည်၏ ခရီးစဉ်များအကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒ ပြတောင်းဆိုသည့်အလုပ်သမား များနှင့် အမျိုးသားပညာရေး ဥပ ဒေပြင်ဆင်ရေးကို ဆန္ဒပြသည့် ကျောင်းသားသပိတ်အား ထောက်ခံကြောင်း ရန်ကုန်မြို့လယ်တွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်များက အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခဲ့သည်။
ယင်းသို့ အကြမ်းဖက်ဖြိုခွင်း မှုများတွင် တာဝန်လက်ပတ်အနီ ပတ်ထားသည့် အရပ်ဝတ်လုံခြုံ ရေးများက ရိုက်နှက်ဖြိုခွင်းဖမ်း ဆီးမှုအပေါ် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းက ရှုတ်ချလိုက်ပြီး ၎င်းတို့ကို တာဝန်ပေးသူအား ဖော်ထုတ်ပေး ရန်နှင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ပေးရန် တောင်းဆိုထားသည်။
ထို့အတူ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လည်း အင်အားသုံးဖြေရှင်း ဆောင်ရွက်မှုများကို မထောက်ခံ ကြောင်း၊ လတ်တလောဖြစ်ပေါ် နေသော ဖြစ်စဉ်များအပါအ၀င် မည်သည့်ဖြစ်စဉ်များတွင် မဆို ပါတီဝင်များအနေဖြင့် အင်အား သုံးပါဝင်ဆောင်ရွက်ခြင်းမပြုရန် ကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီအဆင့်ဆင့်သို့ ဇန် န၀ါရီ ၃၀ ရက်စွဲဖြင့် ပါတီဌာနချုပ်က ညွှန်ကြားထားကြောင်း သ တင်းထုတ်ပြန်ထားသည်။
7Day Daily

No comments:
Post a Comment