ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်မပါဝင်တဲ့ အမျိုးသားပညာရေးဥပဒေ
ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်
ပါတယ်။
ဥပဒေမူကြမ်းကို တပိုဒ်ချင်းစီအလိုက် အတည်ပြုပြီး နောက်ဆုံး ဥပဒေကြမ်းတခုလုံး
ကို မဲခွဲအတည်ပြုတဲ့အခါမှာတော့ ကန့်ကွက်သူ ၉ ယောက်လောက်ပဲရှိပြီး ဥပဒေကြမ်း
ကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ကျောင်းသားတွေ တောင်းဆိုထားတဲ့ အဓိကအချက်တွေမအောင်မြင်ဘဲ အရင် ဥပဒေ
အတိုင်း အတည်ပြုခဲ့တာလို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
“ကျောင်းသားတွေ တောင်းဆိုထားတာက ကျောင်းသား သမဂ္ဂကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုရမယ်လို့ ပါတယ်ပေါ့နော်။ ဒါပေမယ့် အခု အတည်ပြုလိုက်တဲ့ ဥပဒေကြမ်း
မှာတော့ ပဋိညာဉ်နဲ့အညီလို့ ပါပါတယ်။ အဲ့ဒီတော့ ပဋိညာဉ်ဆိုတာ မရှိသေးတဲ့အတွက်
ပြောရမယ်ဆိုရင် မူလဥပဒေက မာမူကြီးဆိုရင် နောက်ပြင်တဲ့ဥပဒေက အရာကြီးလို့
ပြောရမှာပါ။ အဓိက ကျောင်းသားတွေတောင်းတဲ့ လွတ်လပ်စွာ သမဂ္ဂဖွဲ့စည်းခွင့် မရ
ပါဘူး။”
နောက် သပိတ်မှောက် ကျောင်းသားတွေ တောင်းဆိုထားတဲ့ အဓိကအချက်တခုဖြစ်တဲ့
နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပညာရေးအတွက် သုံးရမယ်ဆိုတာလည်း
မရဘူး လို့ ပြောပါတယ်။ပညာရေးအသုံးစရိတ်ကို ၅ နှစ်အတွင်း တိုးမြှင့်သုံးစွဲမယ်ဆိုတဲ့
အချက်နဲ့ပဲ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
.
သတင်းဓါတ်ပုံ- DVB
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, March 26, 2015
ကျောင်းသားတွေတောင်းတဲ့ လွတ်လပ်စွာ သမဂ္ဂဖွဲ့စည်းခွင့် မရ
ကျောင်းသားတွေတောင်းတဲ့ လွတ်လပ်စွာ သမဂ္ဂဖွဲ့စည်းခွင့် မရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 26, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment