Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 24, 2015

ကိုယ်ရနံ့ မွှေးသူမှသာ ရနိုင်တဲ့အလုပ်

အလုပ်တစ်ခုခု သွားလျှောက်တဲ့အခါ အများနဲ့လက်တွဲ လုပ်ဆောင်နိုင်မှု၊ ကွန်ပျူတာ ကျွမ်းကျင်မှု၊ ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှု သို့မဟုတ် ရုပ်ရည်နဲ့ စာရိတ္တကိုကြည့်ပြီး ဆုံးဖြတ်ခံရကောင်း ခံရနိုင်ပါတယ်။ ဒါပေမယ့် သဘာဝ အလျောက် ကိုယ်သင်းရနံ့ကောင်းဖို့ လိုအပ်တဲ့ အလုပ်မျိုး ဆိုတာတော့ သင် ကြားဖူးချင်မှ ကြားပါလိမ့်မယ်။

တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်က စိုက်ပျိုးရေးခြံတစ်ခုက သဘာဝအလျောက် ရနံ့မွှေးတဲ့ အမျိုးသမီး အလုပ်သမားတွေကို လစာကောင်းကောင်းနဲ့ မက်လုံးပေး ဆွဲဆောင်နေပါတယ်။ တစ်လ ယွမ်ငွေ ၂၀,၀၀၀ ($3219) ဒေါ်လာ ပေးဖို့ ကတိပေးထားတဲ့ ယင်းအလုပ်မှာ အဆင့်မြင့် အရည်အသွေးကောင်းမွန်တဲ့ လက်ဖက်တစ်မျိုးပြုလုပ်ရာမှာ အသုံးပြုတဲ့ ရှောက်ခါးသီးကြီးပွင့်တွေ ကောက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုကောက်ရတဲ့ အလုပ်ကို မွန်းတည့်အချိန်မှာ ဆောင်ရွက်လေ့ရှိတာကြောင့် အပူချိန် မြင့်မားခြင်းက လူကို ချွေးထွက်စေပြီး ချွေးနံ့ကြောင့် ပန်းပွင့်တွေရဲ့ ရနံ့နဲ့ အရောင်အသွေးကို ကူးစက် ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ပင်ကို ကိုယ်ရနံ့မွှေးတဲ့ အမျိုးသမီးတွေဟာ ယင်းပန်းပွင့်ရဲ့ ပကတိရနံ့အတိုင်း ထိခိုက်စေခြင်း မရှိပဲ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

trend myanmar

No comments:

Post a Comment