Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 4, 2015

အလုပ်သမားသပိတ်သတင်းသွားယူသည့် ဒီဗွီဘီသတင်းထောက် ခေတ္တထိန်းသိမ်းခံရ



ဓာတ်ပုံ – ko han win aung
ရန်ကုန် အင်းစိန်မြို့နယ် ဒညင်းကုန်းလမ်းဆုံမှာ  ဆန္ဒပြနေတဲ့ ရွေပြည်သာ အထည်ချုပ် အလုပ်သမား သပိတ်သတင်းသွားယူတဲ့  ဒီဗွီဘီသတင်းထောက် ကိုမျိုးဇော်လင်း နဲ့ ဆဲဗင်းဒေးဂျာနယ် ဓာတ်ပုံသတင်းထောက် ကိုနစ်ကီတို့ကို  အာဏာပိုင်တွေက ခေတ္တ မှားယွင်းဖမ်းဆီး ထိန်းသိမ်းပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

မတ်လ ၄ ရက်ညနေပိုင်းက  အလုပ်သမားတွေနဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေ  ရုန်းရင်းဆန်ခတ် ဖြစ်ပြီး အလုပ်သမားတွေနဲ့အတူ သတင်းထောက် ၂ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါ။

ကမ္ဘာအေးဘုရားလမ်းပေါ်က မီကာဆာဟိုတယ်အနီးက အစိုးရရုံးဟောင်းတခုမှာ ဖွင့်ထားတဲ့  စစ်ကြောရေး စခန်းကို ခေါ်ဆောင်သွားခဲ့တာပါ။

ဒီဗွီဘီ သတင်းထောက် ကိုမျိုးဇော်လင်းက “အလုပ်သမားတွေကို ၀င်ဆွဲတဲ့အချိန်မှာ  အလုပ်သမားတွေက မလိုက်ဘူး၊ ပါဘူးနဲ့  ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ ကျနော် ရောက်နေတဲ့ အချိန်မှာပဲ ကျနော့်ကို လာဆွဲတယ်၊ ကင်မရာကို လုတယ် ကင်မရာကို ရိုက်ခွဲပစ်မယ်၊ ဘာမယ်ပြောတယ် ကျနော် ကင်မရာကိုပြန်လုလာတယ်။ လုတဲ့အချိန်မှာ ခွဲပစ်မှာလို့ပြောတယ်။ ဒီကောင့်ကိုထိုးထိုးလို့ပြောတယ်။ ကျနော်က ပြန်ပြောလိုက်တယ်။ မထိုးနဲ့ ကျနော်လိုက်မယ်လို့ ပြောတဲ့အချိန်မှာ ကျနော့်ကို လူလေး ယောက်က ဆွဲတင်သွားတယ်၊ ရဲနှစ်ယောက်ပါတယ်၊ အရပ်ဝတ်နဲ့ နှစ်ယောက်ပါတယ်” လို့ပြောပါတယ်။

ရဲအထူးသတင်းတပ်ဖွဲ့က သတင်းထောက်တွေနဲ့ အတူပါသွားတဲ့ ပစ္စည်းတွေစစ်ဆေးပြီး စစ်ချက်ယူကာ ပြန်လွှတ်ပေးမယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက အာမခံပြောကြားခဲ့ပါတယ်။

အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထွေးက ‘ ခေါ်ထားတာမဟုတ်ဘူး၊ မှားပါလာလို့   ကျနော်ခရိုင်တပ်ဖွဲ့မှူးပါ။ ကျနော်ကိုယ်တိုင်ခု ပြန်ပို့ဖို့လုပ်နေတာပါ။ သူ့မိဘအိမ်ကို တိုက်ရိုက် ပြန်ပို့မှာပါ။ ကျနော်တို့က စစ်ကြောရေးစခန်းမှာ ရှိတဲ့အဖွဲ့ပါ။ မှားပါလာတာပါ။ ဒီကျတော့မှ သူတို့ နှစ်ယောက်ကို ကျနော် ကောင်းကောင်းသိပါတယ်။ အခု အပြင်မှာ ထုတ်ထားပြီးတော့ လိုအပ်တဲ့ အချက်လေးတွေတောင်းထားတယ်။ တောင်းပြီးရင် ကျနော်ကိုယ်တိုင် သူတို့ မိဘအိမ်ကို လိုက်ပို့မှာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။

သတင်းထောက်တွေကို  ခံဝန်လက်မှတ် ထိုးခိုင်းပြီးနောက်  ဒုရဲမှူးကြီး ကိုယ်တိုင် ကားနဲ့ အိမ်ပြန်လိုက်ပို့ပေးခဲ့တဲ့အကြောင်းနဲ့ ည ၈ နာရီလောက်မှာ အိမ်ကိုကောင်းမွန်စွာ ပြန်လည်ရောက် ရှိတယ်လို့ ဒီဗွီဘီသတင်းထောက်ကပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment