Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 15, 2015

ဗြိတိန်ကျောင်းသူသုံးဦးကို စစ်သွေးကြွနှင့် ပူးပေါင်းရန် ကူညီခဲ့သည့် ကနေဒါ ထောက်လှမ်းရေး သမားကို တူရကီအစိုးရက ဖမ်းဆီး



ဗြိတိန်နိုင်ငံမှ ဆယ်ကျော်သက် ကျောင်းသူ သုံးဦးကို ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းနိုင်ရန် အကူအညီ ပေးခဲ့သည့် ထောက်လှမ်းရေး တစ်ဦးကို တူရကီ အစိုးရက ဖမ်းဆီး နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် ၌ ယမန်နေ့တွင် ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းနိုင်ရန် ဗြိတိန် ဆယ်ကျော်သက် ကျောင်းသူ သုံးဦးကို အကူအညီ ပေးခဲ့သူမှာ ISISများကို လေကြောင်းမှ တိုက်ခိုက် နေသည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့မှ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ကနေဒါ နိုင်ငံသား ဖြစ်ကြောင်း၊ ၄င်းကို တူရကီ အာဏာပိုင် များက ပြီးခဲ့သည့် ၁ဝ ရက်ခန့်က ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

အမည်ဖော်ပြ ထားခြင်း မရှိသည့် ထောက်လှမ်းရေး သမားသည် အမျိုးသမီး များကို ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များထံ သွားရောက် နိုင်ရေးတွင် ပါဝင်ကူညီ ခဲ့ကြောင်း၊ ၄င်းအား ဖမ်းဆီးနိုင်ခြင်း ကိုလည်း ဗြိတိန်အစိုးရ ထံသို့ အကြောင်းကြား ခဲ့ပြီးဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာန က အစောပိုင်းတွင် ထုတ်ပြန် ခဲ့သည်။

တူရကီနိုင်ငံသည် ဆီးရီးယား နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားသား အစွန်းရောက် များကို ထိန်းချုပ်နိုင်ခြင်း မရှိဟု နိုင်ငံတကာမှ ဝေဖန် ပြောကြားချက်များ ထွက်ပေါ် လာပြီးနောက် ယင်းနိုင်ငံ အစိုးရက နိုင်ငံအတွင်းသို့ ဝင်ရောက် လာသူများနှင့် နိုင်ငံအတွင်းမှ ထွက်ခွာသွား သူများကို စောင့်ကြည့် ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment