Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 8, 2015

အုပ်ဖွဲ့ မုဒိမ်းကျင့်ခံရ သည့်ဆော်ဒီ အမျိုးသမီးအား မီဒီယာနှင့် စကားပြော ၍ဟုဆိုကာ ကြိမ်ဒဏ် ၂၀၀ရိုက် ၍ထောင်ခြောက်လ အပြစ်ဒဏ်ချ

 ဆော်ဒီအာရေဗျနိုင်ငံတွင် အုပ်စု လိုက်မုဒိမ်းပြု ကျင့်ခံရသည့် အမျိုးသမီး တစ်ဦးက မီဒီယာတို့ ယင်းပြု ကျင့်ခံရသည့် အကြောင်းပြော ဆိုခဲ့၍ မသင့်တင့်သည့် လုပ်ရပ် ကျုးလွန် သည်ဟုဆိုကာ တရားရုံးက ၎င်းအား ကြိမ်ဒဏ် ၂၀၀နှင့်ထောင် ဒဏ်ခြောက်လ ချမှတ် လိုက်သည်။
ရှီယိုက် တစ်ဦးဖြစ်သည့် ယင်းအမျိုး သမီးက ၂၀၀၆ခုနှစ် အသက် ၁၉နှစ်အရွယ်တွင် လူခုနှစ်ဦး၏ အုပ်စုလိုက် မုဒိမ်းပြု ကျင့်ခြင်းကို ခံခဲ့ရသည်။ သူက သူငယ် ချင်းဖြစ်သူကျောင်းသားနှင့်အတူ ကားအတွင်းရှိနေစဉ် ယင်းလူအုပ်ရောက်လာပြီး တစ်နေရာ သို့ခေါ်ဆောင် သွားကာ ဝိုင်း၍ သားမယားပြု ကျင့်ခြင်းဖြစ်သည်။
ပြုကျင့်ခံရသည့် အဆိုပါအမျိုးသမီး ကိုဆော်ဒီဥပဒေအရ လူမြင်ကွင်းတွင်အမျိုးသမီးတစ်ဦးသည် မိသားစုဝင်အမျိုးသား တစ်ဦးနှင့်သာရှိနေရမည်ဖြစ်၍ ၎င်းက သူစိမ်းယောက်ကျား သားနှင့် ရှိနေခဲ့ သည်ဟုဆိုကာ ကြိမ်ဒဏ် ၉၀ကို အစောပိုင်း ကပြစ်ဒဏ် ချမှတ်ခံထား ရခြင်းဖြစ်သည်။
သားမယားပြု ကျင့်သူများ ကိုထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ ၍သေဒဏ်ပင် အပြစ်ပေးနိုင် သည့်ပြစ်မှု အတွက်ပြစ်ဒဏ် ကပေါ့လျော့ လွန်းသည်ဟု သုံးသပ်စ ရာဖြစ်နေ သည်။
အုပ်လိုက်မုဒိမ်းပြု ကျင့်ခံရသည့် အမျိုး သမီး၏ ရှေ့နေ ကဆော်ဒီတရား ရုံးချုပ်သို့ အသနား ခံစာတင် ခဲ့သော်လည်း ပယ်ချခံ ရသည်။ သို့သော် အဆိုပါ အမျိုး သမီးဖြစ် သူသည် မီဒီယာ များနှင့်တွေ့ ဆုံခဲ့ သည်ဟု ဆိုကာ ယခင်အပြစ်ဒဏ် ထက်နှစ်ဆကျော် တိုး၍ကြိမ်ဒဏ် ၂၀၀ ချမှတ်ပြီးထောင်ဒဏ်ခြောက်လပါ ချခံ ရခြင်းဖြစ်သည်။
Ref: PRESS TV
Mizzima

No comments:

Post a Comment