Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 14, 2015

အောင်တံခွန် (၃) ခရီးသည်တင်သင်္ဘော နစ်မြုပ်







သင်္ဘောကဆိပ်ကမ်းမှာကတည်းက ရေစိမ့်တဲ့နေရာကိုဖာထေးပြီးထွက်လာတာ. သံတွေ မတန်တဆတင်ဆောင်လာတယ်.. အစိုးရတရားဝင်ကြေငြာတဲ့လူဦးရေထက်အများကြီးပိုတယ်.... ကျွန်းသာယာရေတပ်စခန်းနဲ့နီးနေပါလျှက်နဲ့ တအိအိဖြည်းဖြည်းချင်းမြုပ်တဲ့သင်္ဘောဆီကို ရေတပ်ကသင်္ဘောတွေ စပိဘုတ်တွေဘာလို့ အလျင်မီရောက်မလာရတာလဲ.. ရေတပ်နဲ့သင်္ဘော အဆက်အသွယ်မပြတ်ခဲ့ဘူး.....အခြေအနေမကောင်းဘူးဆိုတာသိသိချင်းသင်္ဘောအရာရှိက ရေတပ်ကိုအကူအညီတောင်းထားပြီ... ဒါပေမယ့်ရောက်မလာဘူး.. အခုအသက်ရှင်ကျန်ရစ်သူတွေဟာ အနီးအနားကရွာသားတွေလှေတွေ ဘုတ်တွေနဲ့အသက်စွန့်ကယ်တင်ခဲ့လို့သာအသက်ရှင်ခွင့်ရလိုက်ကြတာ.. အခုအစိုးယုတ်သတင်းဌာနတွေက သူတို့တာဝန်ကျေကြောင်းမသိမသာပြသနေတယ်....အရှက်မရှိတဲ့မျက်နှာနဲ့ ကုန်းပေါ်ရောက်မှ ရေပြင်မှာအသုံးပြုတဲ့အသက်ကယ်အင်္ကျီတွေဝတ်ပေးပြီးဓာတ်ပုံရိုက်မီဒီယာတွေကဖြန့်ပြီး သူတို့ပျက်ကွက်ခဲ့တဲ့အပြစ်တွေကိုဖုံးကွယ်ဖို့ကြိုးစားနေကြတယ်..
ဂီရီတိုက်တုန်းကအဖြစ်အပျက်ကိုမှတ်မိနေသေးတယ်
တစ်နာရီမိုင်၆၀လောက်တိုက်ခိုက်နေတာကို တစ်နာရီတိုက်နှုန်း၂၅မိုင်တဲ့....အဲ့ဒီတုန်းကလည်းသတင်းမှားတွေကြောင့်မသေသင့်ပဲသေခဲ့ကြရာအများကြီး...
ငါတို့အနီးအနားမှာကို
လူသေအလောင်းရာချီပြီးဆယ်ယူသင်္ဂြိုလိုက်ကြရတာ...
အဲ့တာကို အစိုးရပိုင်ဖာသည်မီဒီယာတွေက
ရခိုင်တစ်ပြည်နယ်လုံးသေဆုံးသူစာရင်းငါးဆယ်ကျော်တဲ့....
အခုလဲသူတို့လိမ်ကြဦးမယ်ကြည့်နေ...
အခုဖြစ်တဲ့သင်္ဘောသာမကောင်းတာမဟုတ်ဘူး...ကမ်းရိုးတမ်းပြေးအစိုးရပိုင်သင်္ဘောအားလုံး သံချေးတွေကိုက်ပြီး
ဟိုကပေါက်ဒီကဖာတွေချဉ်းပဲ....
အဲ့တာတွေနဲ့ဆက်ပြေးနေလို့ကတော့နောက်လဲ
ဖြစ်ဦးမယ်....တမင်တကာငါတို့အပေါ်နည်းအမျိုးမျိုးနဲ့သတ်ဖြတ်နေတာ ဒီအစိုးယုတ်...
နှစ်စဉ်နှစ်တိုင်းမြန်မာပြည်အတွက် ဝင်ငွေ၆၀%ရာနှုန်းကိုငါတို့ရခိုင်ပြည်ကရှာပေးထားတာ...လမ်းပန်းဆက်သွယ်ရေးကိုတော့အန္တရာယ်ကင်းအောင်လုပ်မပေးသင့်ဘူးလား....ဒါမတော်တဆမဟုတ်ဘူး
တမင်တကာနှစ်ရှည်လများအစီအစဉ်ဆွဲပြီး
ငါတို့ကိုသတ်ဖြတ်နေတာ......

No comments:

Post a Comment