Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 16, 2015

တရုတ်က တတိယ လက်နက်တွေကို အများဆုံး ရောင်းချ


တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ ရုရှားပြီးရင် ကမ္ဘာပေါ်မှာ စစ်လက်နက် တတိယအများဆုံး တင်ပို့ရောင်းချတဲ့ နိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။
Stockholm International Peace Research Institute အဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ စစ်လက်နက် ကုန်ကူးမှု ၁၆% တိုးတက်လာတယ်လို့ ဆိုပါတယ်။
အမေရိကန်ကတော့ ကမ္ဘာ့ လက်နက်ရောင်းဝယ်ရေးမှာ ၃၁% နဲ့ အများဆုံး ရောင်းချနေပြီး၊ ရုရှားကတော့ ၂၇% နဲ့ ဒုတိယနေရာမှာ လိုက်နေပါတယ်။
တရုတ်နိုင်ငံကတော့ ဂျာမနီနဲ့ ပြင်သစ်တို့ထက် စစ်လက်နက် ရောင်းချနေတာ ဖြစ်ပါတယ်။
အာရှနိုင်ငံတွေကတော့ တရုတ်နိုင်ငံအတွက် အကြီးမားဆုံး ဝယ်ယူသူတွေဖြစ်ပြီး ပါကစ္စတန်နိုင်ငံက အများဆုံး ဝယ်ယူအားပေးနေတာ ဖြစ်ပါတယ်။
ပါကစ္စတန်နောက်မှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ရှိနေပြီး အဲဒီနိုင်ငံတွေသာမက အာဖရိကတိုက် က နိုင်ငံတချို့ကလည်း တရုတ် စစ်လက်နက်တွေကို ဝယ်ယူနေကြတယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံ စစ်လက်နက်ကိုတော့ အိန္ဒိယက အဓိက ဝယ်ယူနေပြီး ရုရှားက ရောင်းရတဲ့ စစ်လက်နက်တွေရဲ့ ၇၀% ကို ဝယ်ယူနေတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံထုတ် စစ်လက်နက်တွေကိုတော့ တကမ္ဘာလုံးက နည်းနည်းစီ ဝယ်ယူနေကြပြီး တောင်ကို ရီးယားက အများဆုံး ဝယ်ယူနေတဲ့ နိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ABC Radio Australia

No comments:

Post a Comment