အမျိုးသားတစ်ဦးဟာ သူ့ဖုန်း သတ္တုဘက်ထရီပြားကို ဖျက်ဆီးဖို့ ဓားနဲ့ထိုးရာကနေ
မီးထပွင့်ကာ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလို
အဖြစ်အပျက်မျိုး ဖြစ်ခဲ့တယ် ဆိုပေမယ့် ဖုန်းဘက်ထရီနဲ့ ပတ်သက်ရင် ဒီလို
တုံ့ပြန်ဖြစ်ပေါ်မှုမျိုး ရှိနိုင်ကြောင်း သတင်းတွေနဲ့ သုတေသနတွေပြုချက်တွေက
အထောက်အထားဖြင့် အခိုင်အမာပြောဆိုခဲ့ကြပါတယ်။
လက်တော့ပ်၊
မိုဘိုင်းဖုန်းစတဲ့ ကိရိယာအများစုမှာ အပူနဲ့ဓာတ်မတည့်တဲ့ ၊ ဆတ်ဆတ်ထိမခံတဲ့
lithium-ion ဘက်ထရီတွေ အသုံးပြုထားတာကြောင့် အားသွင်းလွန်သွားတာ သို့မဟုတ်
အပူလွန်ကဲမှုဖြစ်တဲ့အခါ အန္တရာယ်ဖြစ်စေတဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။
ဘာကြောင့် ဘက်ထရီတွေမှာ ဒီလိုပစ္စည်းတွေ သုံးထားရသလဲလို့ပြောရင် လီသီယံ
(lithium)က အလေးချိန်ပေါ့ပါးပြီး လက်ကိုင်ပစ္စည်း အသေးစားလေးတွေအတွက်
အဆင်ပြေမှုရှိနေလို့ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်
မိမိမိုဘိုင်းလ်ဖုန်းတွေ ဒီလို ပေါက်ကွဲမှုမျိုး မဖြစ်ရလေအောင် အချွန်နဲ့
မထိုးမိဖို့ သတိပြုသင့်ပါတယ်။ ဒီ့အပြင် မိမိကိုယ်တိုင် သတိပြုရမယ့်အပြင်
တခြားသူတွေကိုလည်း မလုပ်မိစေဖို့ သတိပေး တားမြစ်ပေးသင့်ပါတယ်။
http://www.trend.com.mm/2015/03/13/news-6039
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 13, 2015
ဖုန်းဘက်ထရီ ဖျက်ဆီးဖို့ ဓားနဲ့ ထိုးရာကနေ ပေါက်ကွဲမှုဖြစ်
ဖုန်းဘက်ထရီ ဖျက်ဆီးဖို့ ဓားနဲ့ ထိုးရာကနေ ပေါက်ကွဲမှုဖြစ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment