Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 24, 2015

အကြမ်းဖက် တိုက်ခိုက်ခံရသည့် တူနီးရှားပြတိုက် ပြန်ဖွင့်ရန် စီစဉ်


အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုကြောင့် လူ(၂၂)ဦး သေဆုံးခဲ့သည့် တူနီးရှားနိုင်ငံမှ ပြတိုက်ကို ပြန်လည် ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

တူးနစ်မြို့တော်တွင် သေနတ်သမား နှစ်ဦးက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသား အများစု အပါအဝင် လူ(၂၂)ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ တူနီးရှား အစိုးရက အဆိုပါ အကြမ်းဖက် ပစ်ခတ်မှုသည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ၏ လက်ချက်ဟု စွပ်စွဲထားသည်။

ဘာဒိုပြတိုက်သည် တူနီးရှား နိုင်ငံ၏ အကြီးဆုံး ပြတိုက်ကြီးလည်းဖြစ်ပြီး မကြာမီ ပြန်လည် ဖွင့်လှစ်သွားနိုင်ရန် အစိုးရက စီစဉ် ကြိုးပမ်းလျက် ရှိသည်။ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုသည် တူနီးရှား၏ အဓိက စီးပွားရေး ကဏ္ဍဖြစ်သည့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်လာစေခဲ့သည်။

တူးနစ်တွင် နောက်ထပ် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ် ထိတ်လန့်မှုများ ရှိနေပြီး မတ်၂၃ ရက်တွင် တူနီးရှား အစိုးရက လုံခြုံရေးကဏ္ဍ၌ ကိုင်တွယ်စီမံမှု အားနည်းသည့် အကြီးတန်း ရဲအရာရှိ (၆)ဦးကို ရာထူးမှ ဖယ်ရှားခဲ့သည်။

မတ် ၁၈ ရက်က ဖြစ်ပွားသော တိုက်ခိုက်မှုသည် ၂၀၁၁ ခုနှစ်အတွင်း အာဏာရှင် ဇိုင်အယ်လ် အေဘီဒိုင် ဘန်အလီကို ဖြုတ်ချခဲ့သည့် လှုပ်ရှားမှုများနောက်ပိုင်း တူနီးရှား၏ အကြီးမားဆုံး သွေးထွက်သံယိုကိစ္စလည်း ဖြစ်လာသည်။ ယင်းတိုက်ခိုက်မှုတွင် ပါဝင်သော သေနတ်သမား နှစ်ဦးကို ရဲများက ပစ်သတ်ခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်နေဆဲဟု သိရှိရသည်။

7daydaily

No comments:

Post a Comment