နှစ်စဉ်နှစ်တိုင်း တရုတ်ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာဟာ နွေဦးရာသီမှာမှ ရေပေါ် ပေါ်လာတတ်တဲ့ မူအိုဒါအိုဇီ မြစ်ထဲက လိပ်ပုံစံငယ် ကျွန်းငယ်လေးဆီ သွားရောက်လည်ပတ်လေ့ ရှိပါတယ်။ ဒေသခံတွေက ဒီကျွန်းငယ်လေးကို ရေထဲက ထွက်ပေါ်လာတဲ့ နွေဦးလိပ်ကလေးလို့ ချစ်စနိုး ဂုဏ်ပြုခေါ်ဝေါ်ကြပါတယ်။ တရုတ်နိုင်ငံမှာ လိပ်ကို မင်္ဂလာရှိပြီး ကာလကြာရှည်စွာ ရပ်တည်နိုင်ခြင်းရဲ့ အမှတ်လက္ခဏာအဖြစ် သတ်မှတ် ကြပါတယ်။ ဒါဟာ တောင်ကိုးရီးယားနိုင်ငံက တစ်နှစ်မှာ မတ်လက ဇွန်လအတွင်း နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ပင်လယ် ရေ နှစ်ခြမ်းခွဲသွားပြီး ဂျင်ဒိုကျွန်းစုနဲ့ မိုဒိုကျွန်းစု နှစ်စုကို ဆက်သွယ်တဲ့ လျှောက်လမ်း ပေါ်လာတဲ့ ဖြစ်စဉ်လိုပဲ ထူးခြားဖြစ်စဉ် တရပ် ဖြစ်ပါတယ်။ Three Gorges ရေကာတာက မူဒါအိုဇီမြစ်ရဲ့ ရေပြင်အနေအထားကို ပုံဖော်ပေးနေပြီး နွေဦးရာသီမှာ ရေတွေကို နေရာဒေသ အနှံ့အပြားဆီ ဖောက်ချလိုက်တဲ့အတွက် လိပ်ကျွန်းစု ဟာ ရေပြင်ပေါ်ကို ထွက်ပေါ်လာရတာပဲ ဖြစ်ပါတယ်။ ကျွန်းစုရဲ့ အသွင်အပြင် ဖောက်ချလိုက်တဲ့ ရေကာတာက ရေပမာဏအပေါ် မူတည်နေပြီး တခါတလေမှာ ကျွန်းတစ်ခုလုံး ပေါ်လာတတ်ပြီး တခါတလေမှာတော့ တ၀က်လောက်ပဲ ပေါ်လာလေ့ ရှိပါတယ်။ မူဒါအိုဇီမြစ်ရဲ့ ရေချိန် ၁၆၃ မီတာနဲ့ ၁၆၈ မီတာကြားမှာ ကျွန်းရဲ့ပမာဏ တစ်ခုလုံး ပေါ်လာလေ့ရှိပြီး ရေချိန် ၁၄၅ မီတာနီးပါး လောက် ရှိလာခဲ့ရင် ကျွန်းရဲ့လိပ်ပုံစံ ပျောက်သွားပြီး ပင်မကုန်းမြေကြီးနဲ့ ဆက်စပ်သွားလေ့ ရှိပါတယ်။ ဒီကျွန်းရဲ့ ပုံစံကြောင့် တရုတ်ပြည်မှာ ထင်ရှားလာခဲ့တာ ဖြစ်ပြီး ကျွန်း ရေပေါ်ကို ပေါ်လာတာနဲ့ စကားတစ်ခွန်း ကို ဖျတ်ခနဲ ပြောလိုက်ကြပြီး အနီးနားမှာ ရှိတဲ့ တောင်ကုန်းတွေပေါ်ကနေ ကပျာကယာနဲ့ ဓါတ်ပုံရိုက်လေ့ရှိကြ ပါတယ်။ ဒေသခံတစ်ဦးကတော့ “ နွေဦးရာသီမှာ အမြဲ ကြားရလေ့ရှိတာက လိပ်ကလေးတော့ ရောက်လာပြီ ဆိုတဲ့ စကားပါပဲ” လို့ ဖွင့်ဟခဲ့ပါတယ်။
Ref – Dailymail
PlanetMyanmar
- အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
- အရွယ်မရောက်သေးသောလူငယ်များအသုံးပြုလျှင် အန္တရာယ်ရှိသည့် application လေးခု
- ဘာမှမလုပ်တဲ့စက်
- စွမ်းအားရှင်ပြန်လာပြီလား
- မှော်ဝန်းသားဦးခင်ညွန့် နှင့်အင်တာဗျူး
- ဆန္ဒပြလူငယ်များကိုအကြမ်းဖက်ခြင်းသမ္မတဦးသိန်းစိန်ပေးထားသည့်ကတိအားလုံးနှင့်ဆန့် ကျင်နေ
- ကိုးကန့် တိမ်းရှောင်အဖွဲ့ ကိုကူညီသည်ဆိုကာရာထူးချခံရသည့်တရုတ်ဗိုလ်မှူးချုပ်
- မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာဒုက္ခသည်မိသားစု တိုက်ခိုက်ခံရ
- ကိုယ်ဝန်ဆောင်တစ်ဦး၏ ၀မ်းဗိုက်ကို ဓားဖြင့်ခွဲ၍ သန္ဓေသားကို ယူဆောင်သွားသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
- အရာအားလုံးကို သိနေတဲ့ အသက် (၇)နှစ် အရွယ် ကလေး
- ချစ်တင်းနှီးနှောနေစဉ် လိင်အဂါင်္ ကျိုးပျက်သွားခဲ့တဲ့ အမျိုးသား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ
- လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွား
သည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့်  စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ် - ကလေးများကစားနေသည့် ဗွီဒီယိုများကို အွန်လိုင်းတင်သည့်မိဘများ နှစ်စဉ် ဒေါ်လာ ၁ သန်း ၀င်ငွေရ
- ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ
- Free Phyoe Phyoe Aung!!! ဖြိုးဖြိုးအောင်ကိုလွှတ်
- သေဆုံးတရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရ ကမ်းလှမ်း
- CCTVမှရိုက်ကူးထားသောမုဒိန်းသမားများလှုပ်ရှားမှု(ရုပ်သံ)
- လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား
- ထိုင်းနိုင်ငံတွင်ရင်သားအောက်ပိုင်း Selfie ရိုက်သူများထောင်ငါးနှစ်ကျမည်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- နံရိုးအပြင်မှာထွက်နေတဲ့ နှလုံးသားတစ်စုံနဲ့ သနားစရာ သမီးကလေး
- မင်းအုပ်စိုးနဲ့ တေးနုယဉ်တို့ အမှုဖြစ်ရပ်မှန်
No comments:
Post a Comment